သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကာကွယ်ရေးဝန်ကြီးသစ် ခန့်အပ်  

တရုတ် ကာကွယ်ရေး ဝန်ကြီးသစ် Dong Jun (ဓာတ်ပုံ - Ministry of National Defense of the People's Republic of China)
တရုတ် ကာကွယ်ရေး ဝန်ကြီးသစ် Dong Jun (ဓာတ်ပုံ - Ministry of National Defense of the People's Republic of China)

တရုတ်နိုင်ငံမှာ ရေတပ်ဦးစီးချုပ်ဟောင်း Dong Jun ကို ကာကွယ်ရေး ဝန်ကြီးသစ်အဖြစ် သောကြာနေ့က ခန့်အပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း လူအများရှေ့မှာ မတွေ့ရတဲ့ ကာကွယ်ရေးဝန်ကြီးချုပ်ဟောင်း နေရာမှာ ခုလို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတခု ဖြစ်လာအောင် ကြိုးပမ်းတဲ့ အနေနဲ့ သမ္မတ Xi Jinping က စစ်အင်အား တိုးချဲ့တည်ဆောက်နေချိန်မှာ တရုတ် တရုတ်ကွန်မြူနစ်ပါတီ လွှတ်တော် အမတ်တွေက ရေတပ်ဦးစီးချုပ်ဟောင်း Dong Jun ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုခဲ့ကြတာပါ။

သမ္မတရှီရဲ့ စစ်အင်အား တိုးချဲ့မှုတွေက တရုတ်ရဲ့ အိမ်နီးချင်းတွေ၊ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ဒေသ နိုင်ငံတွေအတွက် စိုးရိမ်စရာ ဖြစ်နေတာပါ။ တခြားသော လက်နက်ကိုင် အဖွဲ့တွေ၊ သတင်းမီဒီယာတွေနဲ့ ထိတွေ့ ဆက်ဆံသွားရမယ့် တရုတ် ကာကွယ်ရေး ဝန်ကြီးရဲ့ လတ်တလော အရေးကြီးဆုံး တာဝန်တရပ်ကတော့ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ပဋိပက္ခဖြစ်လာနိုင်ချေ အန္တရာယ်တွေ လျှော့ချနိုင်အောင် အမေရိကန်စစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်သွားရမှာ ဖြစ်ပါတယ်။

အသက် ၆၂ နှစ်ရှိပြီ ဖြစ်တဲ့ ရေတပ်စစ်ဦးစီးချုပ်ဟောင်း Dong အတွက်တော့ ဒီဒေသနှစ်ခု အရေးကိစ္စက အကျွမ်းတဝင် ရှိနေပြီးသား ဖြစ်ပါတယ်။ သူဟာ ရေတပ်ဦးစီးချုပ်တာဝန် မယူခဲ့ခင်ကတည်းက ထိုင်ဝမ်နဲ့ပတ်သက်ပြီး အဓိက တာဝန်ယူရတဲ့ အရှေ့ပင်လယ် ရေတပ်အုပ်စုတွေရဲ့ ဒုတိယအကြီးအကဲ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

တရုတ် ကာကွယ်ရေးဝန်ကြီးသစ် ခန့်အပ်  
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG