သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် အိုလံပစ်ပွဲ လုံခြုံရေးအင်အား သောင်းချီ လိုအပ်နေ


ပြင်သစ် အိုလံပစ်ပွဲကျင်းပမဲ့ Olympic Aquatics Centre တည်ဆောက်ရေးလုပ်ငန်းခွင် (ဒီဇင်ဘာ ၂၈၊​၂၀၂၃)
ပြင်သစ် အိုလံပစ်ပွဲကျင်းပမဲ့ Olympic Aquatics Centre တည်ဆောက်ရေးလုပ်ငန်းခွင် (ဒီဇင်ဘာ ၂၈၊​၂၀၂၃)

၂၀၂၄ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ ပြင်သစ်မြို့တော် ပါရီမှာ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်ခြေ စိုးရိမ်ချက်တွေကြောင့် လုံခြုံရေး သောင်းနဲ့ချီ လိုအပ်နေပါတယ်။ လာမဲ့ ဇူလိုင်မှာ စတင်မယ့် အားကစားပွဲတွေ အတွင်း ကစားသမားတွေနဲ့ ပရိသတ်တွေ ဘေးကင်းရေးအတွက် စစ်ဆေးရေးဂိတ်တွေ၊ လက်မှတ်စစ်တဲ့ နေရာတွေနဲ့ များပြားလှတဲ့ လူအုပ်ကို ထိန်းနိုင်ဖို့ လုံခြုံရေး အမြောက်အမြား လိုနေတာပါ။

အိုလံပစ်လုံခြုံရေး အတွက် မူလရှိပြီးသား သောင်းနဲ့ချီတဲ့ ရဲအရာရှိတွေနဲ့ စစ်သားထောင်ချီအပြင် နောက်ထပ် ပုဂ္ဂလိက လုံခြုံရေးအစောင့် ၁၇,၀၀၀ တိုးမြှင့်ချမှတ်ရမှာ ဖြစ်ပါတယ်။ အားကစားပွဲတွေရဲ့ လူအစည်ဆုံးနေ့တွေမှာ ဆိုရင် တနေ့တည်း လုံခြုံရေး ၂၂,၀၀၀ အထိ တိုးချရမှာ ဖြစ်ပါတယ်။ ဒီ့အတွက် ပြင်သစ်အစိုးရ အလုပ်အကိုင် အေဂျင်စီကတော့ ကျွမ်းကျင်အရည်အချင်း မလိုအပ်ဘဲ လူတွေကိုခေါ်ပြီး လုံခြုံရေး အစောင့်သင်တန်းတွေကို အမြန် ပို့ချပေးနေရပါတယ်။

ဇူလိုင်ကနေ စက်တင်ဘာ အထိ ကျင်းပမယ့် မသန်စွမ်းအားကစားပြိုင်ပွဲတွေ အတွင်း အလုပ်လုပ်ဖို့ လုပ်ခလစာ ကောင်းကောင်းနဲ့ အလုပ်သမားသစ်တွေ ခေါ်ယူနေတာပါ။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ပါရီမြို့တော် တခုတည်းမှာတင် လုံခြုံရေးဝန်ထမ်း ၁၄,၀၀၀ ကျော်ခန့်ထားပြီး အပြင် ရှေ့လာမယ့် ၄ လ အတွင်း အနည်းဆုံး လုံခြုံရေးဝန်ထမ်းအသစ် ၆,၀၀၀ ကို ခေါ်ယူကာ ၃ ပတ်ဆက်တိုက် လုံခြုံရေး သင်တန်းတွေ ပေးမှာ ဖြစ်ပါတယ်။

ပြင်သစ် အိုလံပစ်ပွဲ လုံခြုံရေးအင်အား သောင်းချီ လိုအပ်နေ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG