သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂၀၂၂ တ႐ုတ္ေဆာင္းရာသီအိုလံပစ္ ၿပီးဆုံး


၂၀၂၂ ေဘဂ်င္း ေဆာင္းရာသီအိုလံပစ္ပြဲ ပိတ္ပြဲအခမ္းအနားမွာ ေတြ႔ရတဲ့ အုိလံပစ္အလံ။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၂)

(Zawgyi / Unicode)

၂၀၂၂ ေဘဂ်င္း ေဆာင္းရာသီအိုလံပစ္ပြဲ ၿပီးဆုံးသြားပါၿပီ။ တားျမစ္ေဆးမေအာင္ဘဲ ဝင္ၿပိဳင္ခြင့္ရခဲ့တဲ့ ႐ုရွားႏုိင္ငံက စြမ္းရည္ျပ စကိတ္အားကစားမယ္၊ တ႐ုတ္ႏုိင္ငံအတြက္ ေရႊ႔တံဆိပ္ ဆြတ္ခူးေပးခဲ့တဲ့ အေမရိကန္ႏုိင္ငံဖြား ခ်န္ပီယံ၊ လက္ဗလာနဲ႔ အိ္မ္ျပန္ခဲ့ရတဲ့ အေမရိကန္က အထင္ကရ Ace ႏွင္းေလွ်ာစီးသမား၊ စတဲ့ လူေျပာမ်ားစရာ အေၾကာင္းအရာေတြနဲ႔ ေဆာင္းရာသီအိုလံပစ္ပြဲကို တနဂၤေႏြေန႔မွာ အဆုံးသတ္လိုုက္တာ ျဖစ္ပါတယ္။

တ႐ုတ္အစိုးရက တင္းက်ပ္လြန္းတဲ့ ကိုဗစ္ကန္႔သတ္ခ်က္ေတြနဲ႔ အားကစားပြဲကို က်င္းပခဲ့တာျဖစ္ေပမယ့္ ၂၀၂၂ ေဆာင္းရာသီအိုလံပစ္ပြဲ ေအာင္ျမင္စြာ က်င္းပႏုိင္ခဲ့တယ္လို႔ ေျပာႏုိင္ပါတယ္။

ပြဲအတြက္ လုိအပ္တဲ့ ႏွင္းေတြ အလုံအေလာက္ မက်ခဲ့တာေၾကာင့္ ႏွင္းအမ်ားစုကိုေတာ့ သဘာဝႏွင္းတုေတြနဲ႔ ဖန္တီးခဲ့ရတာပါ။

ၿပီးခဲ့တဲ့ ၂ ႏွစ္ေက်ာ္က ကိုဗစ္ပိုး စတင္ေတြ႔ရွိရာ တ႐ုတ္ႏုိင္ငံမွာ အိုလံပစ္ပြဲ က်င္းပတာ ျဖစ္ေပမယ့္ ႀကီးမားတဲ့ ျပႆနာေတြ သိပ္မရွိခဲ့ပါဘူး။ ဒါေပမယ့္လည္း တ႐ုတ္အစိုးရက အိုလံပစ္ပြဲကို တင္းက်ပ္တဲ့အာဏာေတြနဲ႔ က်င္းပတယ္ဆိုၿပီး ႏုိင္ငံတကာက ေဝဖန္သံ အေတာ္မ်ားမ်ားလည္း ရိွပါတယ္။

လူနည္းစု ဝီဂါမြတ္စလင္ေတြေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ေနၿပီး ဒီမိုကေရစီေရး ေတာင္းဆိုေနတဲ့ ေဟာင္ေကာင္ တက္ႂကြလႈပ္ရွားသူေတြကို တင္းက်ပ္တဲ့မူဝါဒနဲ႔ ႏွိမ္နင္းေနတဲ့ တ႐ုတ္အစိုးရနဲ႔ လက္တြဲလုပ္ကုိင္တယ္ဆိုၿပီး အိုလံပစ္ေကာ္မတီကိုလည္း ျပစ္တင္ေဝဖန္တာေတြ ရွိေနပါတယ္။

အေနာက္ႏုိင္ငံ အေတာ္မ်ားမ်ားက တ႐ုတ္လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈကို သပိတ္ေမွာက္တဲ့အေနနဲ႔ အစိုးရကိုယ္စားလွယ္အဖြဲ႔ကို ေစလႊတ္တာမ်ိဳး မရွိခဲ့ေပမယ့္ ၿပိဳင္ပြဲဝင္ အားကစားသမားေတြကိုေတာ့ ေစလႊတ္ခဲ့ပါတယ္။

၂၀၂၂ တ႐ုတ္ေဆာင္းရာသီအိုလံပစ္ ၿပီးဆုံး
please wait

No media source currently available

0:00 0:01:23 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

၂၀၂၂ တရုတ်ဆောင်းရာသီအိုလံပစ် ပြီးဆုံး

၂၀၂၂ ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပွဲ ပြီးဆုံးသွားပါပြီ။ တားမြစ်ဆေးမအောင်ဘဲ ဝင်ပြိုင်ခွင့်ရခဲ့တဲ့ ရုရှားနိုင်ငံက စွမ်းရည်ပြ စကိတ်အားကစားမယ်၊ တရုတ်နိုင်ငံအတွက် ရွှေ့တံဆိပ် ဆွတ်ခူးပေးခဲ့တဲ့ အမေရိကန်နိုင်ငံဖွား ချန်ပီယံ၊ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရတဲ့ အမေရိကန်က အထင်ကရ Ace နှင်းလျှောစီးသမား၊ စတဲ့ လူပြောများစရာ အကြောင်းအရာတွေနဲ့ ဆောင်းရာသီအိုလံပစ်ပွဲကို တနင်္ဂနွေနေ့မှာ အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

တရုတ်အစိုးရက တင်းကျပ်လွန်းတဲ့ ကိုဗစ်ကန့်သတ်ချက်တွေနဲ့ အားကစားပွဲကို ကျင်းပခဲ့တာဖြစ်ပေမယ့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။

ပွဲအတွက် လိုအပ်တဲ့ နှင်းတွေ အလုံအလောက် မကျခဲ့တာကြောင့် နှင်းအများစုကိုတော့ သဘာဝနှင်းတုတွေနဲ့ ဖန်တီးခဲ့ရတာပါ။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်က ကိုဗစ်ပိုး စတင်တွေ့ရှိရာ တရုတ်နိုင်ငံမှာ အိုလံပစ်ပွဲ ကျင်းပတာ ဖြစ်ပေမယ့် ကြီးမားတဲ့ ပြဿနာတွေ သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း တရုတ်အစိုးရက အိုလံပစ်ပွဲကို တင်းကျပ်တဲ့အာဏာတွေနဲ့ ကျင်းပတယ်ဆိုပြီး နိုင်ငံတကာက ဝေဖန်သံ အတော်များများလည်း ရှိပါတယ်။

လူနည်းစု ဝီဂါမွတ်စလင်တွေပေါ် လူ့အခွင့်အရေး ချိုးဖောက်နေပြီး ဒီမိုကရေစီရေး တောင်းဆိုနေတဲ့ ဟောင်ကောင် တက်ကြွလှုပ်ရှားသူတွေကို တင်းကျပ်တဲ့မူဝါဒနဲ့ နှိမ်နင်းနေတဲ့ တရုတ်အစိုးရနဲ့ လက်တွဲလုပ်ကိုင်တယ်ဆိုပြီး အိုလံပစ်ကော်မတီကိုလည်း ပြစ်တင်ဝေဖန်တာတွေ ရှိနေပါတယ်။

အနောက်နိုင်ငံ အတော်များများက တရုတ်လူ့အခွင့်အရေး ချိုးဖောက်မှုကို သပိတ်မှောက်တဲ့အနေနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်တာမျိုး မရှိခဲ့ပေမယ့် ပြိုင်ပွဲဝင် အားကစားသမားတွေကိုတော့ စေလွှတ်ခဲ့ပါတယ်။

XS
SM
MD
LG