သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တ႐ုတ္အိုလံပစ္ပြဲစဥ္တခ်ိဳ႕ ရာသီဥတုေၾကာင့္ ေရႊ႕ဆိုင္းခဲ့ရ


ေဘဂ်င္းအိုလံပစ္ ႏွင္းေလွ်ာစီးၿပိဳင္ပြဲက်င္းပရာ Zhangjiakou မွာ ႏွင္းေတြ ထူထပ္စြာ က်ေနတဲ့ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

ေဘဂ်င္း ေဆာင္းရာသီအိုလံပစ္ပြဲမွာ ဒီကေန႔ ႏွင္းေတြထန္ေနတာေၾကာင့္ ပြဲစဥ္တခ်ိဳ႕ ေရႊ႕ဆုိင္းထားရပါတယ္။

ဒီကေန႔ တနဂၤေႏြေန႔မွာ က်င္းပမယ့္ Cross-Coutry ၁၀ ကိီလိုမီတာ အမ်ိဳးသား လက္ဆင့္ကမ္း ႏွင္းေလွ်ာစီးၿပိဳင္ပဲြ လမ္းေၾကာင္းတေလွ်ာက္ ႏွင္းေတြေ ထူထူထဲထဲ က်ေနတဲ့အတြက္ ေလမႈတ္စက္ေတြသုံးၿပီး လမ္းရွင္းေနၾကရတာပါ။ ေလေတြ ေမႊ႔ယမ္းတုိက္ခတ္ေနတာေၾကာင့္ေရာ ႏွင္းေတြ ထူထူထဲထဲ က်ေနတဲ့အတြက္ပါ အားကစားသမားေတြေရာ ပြဲၾကည့္သူေတြပါ ေကာင္းေကာင္းမျမင္ရပါဘူး။

ေဘဂ်င္းၿမိဳ႕ အေနာက္ေျမာက္ဘက္ ကိီလိုမီတာ ၂၀၀ အကြာေလာက္ အိုလံပစ္ပြဲက်င္းပတဲ့ ေနရာမွာ အပူခ်ိန္က အႏုတ္ ၁၁ ဒီဂရီဆဲလ္စီးယပ္စ္ ေရာက္ေနၿပီး လက္ရွိရာသီဥတု အေျခအေနေၾကာင့္ ပြဲစဥ္ေတြ ေႏွာင့္ေနွးေနရပါတယ္။

ၿပီးခဲ့တဲ့ ၄ ႏွစ္က ေတာင္ကိုရီးယားႏုိင္ငံ ၿပဳံခ်မ္းၿမိဳ႕မွာလုပ္တဲ့ ေဆာင္းရာသီ အိုလံပစ္ပြဲနဲ႔ ႏႈိင္းယွဥ္ရင္ ေဘဂ်င္းၿပိဳင္ပြဲေတြကို တနာရီခြဲေလာက္ အခ်ိန္ပိုယူၿပီး ကစားေနၾကရပါတယ္။

ဒီႏွစ္မွာ ႏွင္းေတြသိပ္မက်ခဲ့တဲ့အတြက္ အားကစားၿပိဳင္ပြဲအတြက္ တ႐ုတ္တာဝန္ရွိသေူတြက သဘာဝႏွင္းတုေတြနဲ႔ ဖန္တီးထားေပမယ့္လည္း မေန႔ စေနေန႔ကစၿပီး ပြဲက်င္းပရာ Zhangjiakou မွာ ႏွင္းေတြ ထူထူထဲထဲ က်ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

တရုတ်အိုလံပစ်ပွဲစဉ်တချို့ ရာသီဥတုကြောင့် ရွှေ့ဆိုင်းခဲ့ရ

ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပွဲမှာ ဒီကနေ့ နှင်းတွေထန်နေတာကြောင့် ပွဲစဉ်တချို့ ရွှေ့ဆိုင်းထားရပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် Cross-Coutry ၁၀ ကီလိုမီတာ အမျိုးသား လက်ဆင့်ကမ်း နှင်းလျှောစီးပြိုင်ပွဲ လမ်းကြောင်းတလျှောက် နှင်းတွေေ ထူထူထဲထဲ ကျနေတဲ့အတွက် လေမှုတ်စက်တွေသုံးပြီး လမ်းရှင်းနေကြရတာပါ။ လေတွေ မွှေ့ယမ်းတိုက်ခတ်နေတာကြောင့်ရော နှင်းတွေ ထူထူထဲထဲ ကျနေတဲ့အတွက်ပါ အားကစားသမားတွေရော ပွဲကြည့်သူတွေပါ ကောင်းကောင်းမမြင်ရပါဘူး။

ဘေဂျင်းမြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာလောက် အိုလံပစ်ပွဲကျင်းပတဲ့ နေရာမှာ အပူချိန်က အနုတ် ၁၁ ဒီဂရီဆဲလ်စီးယပ်စ် ရောက်နေပြီး လက်ရှိရာသီဥတု အခြေအနေကြောင့် ပွဲစဉ်တွေ နှောင့်နှေးနေရပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်က တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာလုပ်တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲနဲ့ နှိုင်းယှဉ်ရင် ဘေဂျင်းပြိုင်ပွဲတွေကို တနာရီခွဲလောက် အချိန်ပိုယူပြီး ကစားနေကြရပါတယ်။

ဒီနှစ်မှာ နှင်းတွေသိပ်မကျခဲ့တဲ့အတွက် အားကစားပြိုင်ပွဲအတွက် တရုတ်တာဝန်ရှိသေူတွက သဘာဝနှင်းတုတွေနဲ့ ဖန်တီးထားပေမယ့်လည်း မနေ့ စနေနေ့ကစပြီး ပွဲကျင်းပရာ Zhangjiakou မှာ နှင်းတွေ ထူထူထဲထဲ ကျနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG