သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဘဂ်င္း အိုလံပစ္ပဲြ ကိုယ္တိုင္ၾကည့္မယ့္ ပရိတ္သတ္ေတြ ပိုမိုခြင့္ျပဳမည္


A staff worker disinfects a hotel floor inside the Olympic "closed-loop" during the Beijing 2022 Winter Olympics in Beijing, China, Feb. 8, 2022.

ကိုဗစ္-၁၉ ကပ္ေရာဂါကာလ က်င္းပတဲ့ ေဘဂ်င္းေဆာင္းရာသီ အိုလံပစ္ပဲြေတာ္မွာ တင္းက်င္းတဲ့ ေရာဂါကာကြယ္ကန္႔သတ္ထိန္းခ်ဳပ္မႈ အစီအစဥ္ေတြ ေအာင္ျမင္ေနတာေၾကာင့္ လူကိုယ္တိုင္လာၾကည့္မယ့္ ပရိတ္သတ္ေတြကို ပိုၿပီး ဖိတ္ေခၚသြားဖို႔ရွိေၾကာင္း တ႐ုတ္အစိုးရက အဂၤါေန႔က ေၾကညာခဲ့ပါတယ္။

ေဘဂ်င္း အိုလံပစ္ပဲြ ကိုယ္တိုင္ၾကည့္မယ့္ ပရိတ္သတ္ေတြ ပိုမိုခြင့္ျပဳမည္

{{Zawgyi/Unicode}}

ကိုဗစ္-၁၉ ကပ္ေရာဂါကာလ က်င္းပတဲ့ ေဘဂ်င္းေဆာင္းရာသီ အိုလံပစ္ပဲြေတာ္မွာ တင္းက်င္းတဲ့ ေရာဂါကာကြယ္ကန္႔သတ္ထိန္းခ်ဳပ္မႈ အစီအစဥ္ေတြ ေအာင္ျမင္ေနတာေၾကာင့္ လူကိုယ္တိုင္လာၾကည့္မယ့္ ပရိတ္သတ္ေတြကို ပိုၿပီး ဖိတ္ေခၚသြားဖို႔ရွိေၾကာင္း တ႐ုတ္အစိုးရက အဂၤါေန႔က ေၾကညာခဲ့ပါတယ္။ လက္ရွိမွာ အားကစားပဲြမွာ ပါဝင္ယွဥ္ၿပိဳင္သူေတြ၊ ပဲြစီစဥ္သူေတြနဲ႔ သီးသန္႔ခဲြၿပီး မွန္ခန္းေတြထဲမွာ ပရိသတ္ေတြ ဝင္ေရာက္ၾကည့္ရွဳရတာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈနဲ႔ ပတ္သက္လို႔ စိုးရိမ္မႈေတြေၾကာင့္ လက္မွတ္ေတြကို အမ်ားျပည္သူအတြက္ ေရာင္းခ်တာမ်ဳိး မလုပ္ခဲ့ေပမယ့္ ပရိသတ္ အကန္႔အသတ္နဲ႔ ဖိတ္ေခၚခဲ့ၿပီး လာေရာက္ၾကည့္ရွဳသူေတြအေနနဲ႔လည္း ေရာဂါကာကြယ္တားဆီးေရး တင္းက်ပ္တဲ့ အစီအမံေတြကို မျဖစ္မေန လိုက္နာဖို႔ သတ္မွတ္ျပဌာန္းခဲ့တာပါ။

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းဘက္မွာ ကိုဗစ္ကူးစက္မႈေတြ ေတြ႕ရွိခဲ့ၿပီးေနာက္ အသြားအလာေတြကို အာဏာပိုင္ေတြက တနလၤာေန႔ကစၿပီး ကန္႔သတ္ပိတ္ပင္ထားပါတယ္။ ဗီယက္နမ္နဲ႔ နယ္စပ္ၿမိဳ႕မွာလည္း အိမ္ေတြမွာပဲေနၾကဖို႔နဲ႔ မရွိမျဖစ္ လိုအပ္တဲ့ ပစၥည္းေတြဝယ္ယူဖို႔ ဒါမွမဟုတ္ ကိုဗစ္-၁၉ စစ္ေဆးဖို႔ အတြက္သာ အျပင္ထြက္ၾကဖို႔ အာဏာပိုင္ေတြက တိုက္တြန္းထားပါတယ္။ ၿမိဳ႕ေတာ္ေဘဂ်င္းမွာ ၂ဝ၂၂ ေဆာင္းရာသီ အိုလံပစ္ၿပိဳင္ပဲြအတြက္ ကိုဗစ္-၁၉ ကူးစက္မႈကို တားဆီးဖို႔ တင္းက်ပ္တဲ့ အစီအမံေတြအတြင္း အာဏာပိုင္ေတြကေန အခုလို အသြားအလာကန္႔သတ္မႈေတြကို ပိတ္ဆို႔ထားတာျဖစ္ပါတယ္။

ေဟာင္ေကာင္မွာေတာ့ အဂၤါေန႔ တရက္တည္း ကိုဗစ္ကူးစက္မႈအသစ္ ၆ဝဝ အထိျမင့္တက္ခဲ့ပါတယ္။

လူအသြားအလာအမ်ားဆံုးနဲ႔ အစည္းကားဆံုးျဖစ္တဲ့ အေမရိကန္နဲ႔ ကေနဒါ နယ္စပ္ဂိတ္ကို အဂၤါေန႔ အထိ ပိတ္ထားဆဲျဖစ္ေၾကာင္း ကေနဒါ ဘက္က ေၾကညာခဲ့ပါတယ္။ ကိုဗစ္-၁၉ ကန္႔သတ္ခ်က္ေတြကို ဆန္႔က်င္တဲ့ ကုန္တင္ကားေမာင္းသမားေတြက ကေနဒါၿမိဳ႕ေတာ္ Ottawa မွာ ဇန္နဝါရီလ ၂၈ ရက္ေန႔ကစၿပီး သူတို႔ယာဥ္ေတြကို ပိတ္ဆို႔ၿပီး အစိုးရကို ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

Johns Hopkins တကၠသိုလ္ရဲ႕ ကိုဗစ္-၁၉ ကပ္ေရာဂါ ေစာင့္ၾကည့္ေရးစင္တာရဲ႕ တနလၤာေန႔ ထုတ္ျပန္ခ်က္အရ တကမာၻလံုးမွာ ကိုဗစ္ ကူးစက္မႈေပါင္း ၃၉၉ သန္းေက်ာ္နဲ႔ ေသဆံုးမႈေပါင္း ၅.၇ သန္းေက်ာ္ရွိေနပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္

ဘေဂျင်း အိုလံပစ်ပွဲ ကိုယ်တိုင်ကြည့်မယ့် ပရိတ်သတ်တွေ ပိုမိုခွင့်ပြုမည်

{{Zawgyi/Unicode}}

ကိုဗစ်-၁၉ ကပ်ရောဂါကာလ ကျင်းပတဲ့ ဘေဂျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ တင်းကျင်းတဲ့ ရောဂါကာကွယ်ကန့်သတ်ထိန်းချုပ်မှု အစီအစဉ်တွေ အောင်မြင်နေတာကြောင့် လူကိုယ်တိုင်လာကြည့်မယ့် ပရိတ်သတ်တွေကို ပိုပြီး ဖိတ်ခေါ်သွားဖို့ရှိကြောင်း တရုတ်အစိုးရက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ လက်ရှိမှာ အားကစားပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေ၊ ပွဲစီစဉ်သူတွေနဲ့ သီးသန့်ခွဲပြီး မှန်ခန်းတွေထဲမှာ ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုရတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကြောင့် လက်မှတ်တွေကို အများပြည်သူအတွက် ရောင်းချတာမျိုး မလုပ်ခဲ့ပေမယ့် ပရိသတ် အကန့်အသတ်နဲ့ ဖိတ်ခေါ်ခဲ့ပြီး လာရောက်ကြည့်ရှုသူတွေအနေနဲ့လည်း ရောဂါကာကွယ်တားဆီးရေး တင်းကျပ်တဲ့ အစီအမံတွေကို မဖြစ်မနေ လိုက်နာဖို့ သတ်မှတ်ပြဌာန်းခဲ့တာပါ။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဘက်မှာ ကိုဗစ်ကူးစက်မှုတွေ တွေ့ရှိခဲ့ပြီးနောက် အသွားအလာတွေကို အာဏာပိုင်တွေက တနင်္လာနေ့ကစပြီး ကန့်သတ်ပိတ်ပင်ထားပါတယ်။ ဗီယက်နမ်နဲ့ နယ်စပ်မြို့မှာလည်း အိမ်တွေမှာပဲနေကြဖို့နဲ့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူဖို့ ဒါမှမဟုတ် ကိုဗစ်-၁၉ စစ်ဆေးဖို့ အတွက်သာ အပြင်ထွက်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ မြို့တော်ဘေဂျင်းမှာ ၂ဝ၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် ကိုဗစ်-၁၉ ကူးစက်မှုကို တားဆီးဖို့ တင်းကျပ်တဲ့ အစီအမံတွေအတွင်း အာဏာပိုင်တွေကနေ အခုလို အသွားအလာကန့်သတ်မှုတွေကို ပိတ်ဆို့ထားတာဖြစ်ပါတယ်။

ဟောင်ကောင်မှာတော့ အင်္ဂါနေ့ တရက်တည်း ကိုဗစ်ကူးစက်မှုအသစ် ၆ဝဝ အထိမြင့်တက်ခဲ့ပါတယ်။

လူအသွားအလာအများဆုံးနဲ့ အစည်းကားဆုံးဖြစ်တဲ့ အမေရိကန်နဲ့ ကနေဒါ နယ်စပ်ဂိတ်ကို အင်္ဂါနေ့ အထိ ပိတ်ထားဆဲဖြစ်ကြောင်း ကနေဒါ ဘက်က ကြေညာခဲ့ပါတယ်။ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ဆန့်ကျင်တဲ့ ကုန်တင်ကားမောင်းသမားတွေက ကနေဒါမြို့တော် Ottawa မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး သူတို့ယာဉ်တွေကို ပိတ်ဆို့ပြီး အစိုးရကို ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ စောင့်ကြည့်ရေးစင်တာရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်အရ တကမ္ဘာလုံးမှာ ကိုဗစ် ကူးစက်မှုပေါင်း ၃၉၉ သန်းကျော်နဲ့ သေဆုံးမှုပေါင်း ၅.၇ သန်းကျော်ရှိနေပါတယ်။

XS
SM
MD
LG