သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောင်းရာသီအိုလံပစ်ပွဲတော် ငလျင်၊ ရာသီဥတုဆိုးမှုနဲ့ ဆိုင်ဘာတိုက်ခိုက်မှုများ ကြုံရ


Pyeongchang ဆောင်းရာသီအိုလံပစ်ပွဲတော်
Pyeongchang ဆောင်းရာသီအိုလံပစ်ပွဲတော်

ဆောင်းရာသီအိုလံပစ်ပွဲတော်ကျင်းပနေတဲ့ တောင်ကိုရီးယားနိုင်ငံ၊ ပြုံချမ်းမြို့နဲ့ မိုင် ၁၆၀ လောက်အကွာမှာ တနင်္ဂနွေနေ့က ပြင်းအား ၄.၇ ရှိတဲ့ငလျင် လှုပ်သွားတာကြောင့် စိုးရိမ်မှုတွေရှိလာပါတယ်။

ဒါပေမယ့်လည်း အားကစားပွဲတော် တာဝန်ရှိသူတွေကတော့ အဆောက်အဦးတွေအားလုံးဟာ ပြင်းအား ၇ ကျော်တဲ့ ငလျင်ဒဏ် ကိုခံနိုင်အောင် ဆောက်လုပ်ထားတာကြောင့် စိတ်ပူစရာမရှိပါဘူးလို့ အာမခံပြောဆိုပါတယ်။

ဒါ့အပြင် လေပြင်းတိုက်တာနဲ့ ရာသီဥတုက သိပ်ကိုအေးလွန်းတာကြောင့် တချို့အားကစားပြိုင်ပွဲတွေကို ရွှေ့ဆိုင်းထားရပြီး အားကစားပွဲလာကြည့်သူတွေ နွေးနွေးထွေးထွေးနေကြဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

အားကစားပွဲတော်ဖွင့်ပွဲနေ့ဖြစ်တဲ့ သောကြာနေ့တုန်းကလည်း ဆိုင်ဘာတိုက်ခိုက်မှုခံခဲ့ရသေးတယ်လို့ အားကစားပွဲစီစဉ်သူတွေက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှု ဘယ်ကနေလာတယ်ဆိုတာ သိထားပေမယ့် ထုတ်မပြောပါဘူး။ အဲဒီတိုက်ခိုက်မှုကြောင့် အင်တာနက်နဲ့ ရုပ်သံဝန်ဆောင်မှုတွေကို ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ခိုက်ခံရလို့ဖြစ်လာတဲ့ ပြဿနာအားလုံးကို ဖြေရှင်းပြီးသွားပါပြီလို့ ပြုံချမ်း အိုလံပစ်ပွဲတော် ကျင်းပရေးကော်မတီ ပြောခွင့်ရ Sung Baik-you က သတင်းထောက်တွေကိုပြောပါတယ်။

ပြဿနာ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ သိပေမယ့် ဒီလိုပြဿနာမျိုးဟာ အားကစားပွဲတော်ကာလတွေမှာ ဖြစ်လေ့ရှိကြောင်း၊ တိုက်ခိုက်မှုဘယ်ကလာတယ်ဆိုတာကို ထုတ်မပြောဖို့ နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့အတူ မိမိတို့ဆုံးဖြတ်ထားကြောင်း ပြောခွင့်ရ Sung Baik-you ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG