သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ကိုယ်စားလှယ်နဲ့ NCA အပစ်ရပ်အဖွဲ့တွေ နေပြည်တော်မှာတွေ့


လာအိုရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အတွင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံ (ဇန်နဝါရီ ၁၀၊ ၂၀၂၄)
လာအိုရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အတွင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံ (ဇန်နဝါရီ ၁၀၊ ၂၀၂၄)

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ လာအိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Alounkeo Kittikhoun ဟာ NCA တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ ဒီ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတဦိးဖြစ်တဲ့ PPST အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"အဓိကကတော့ အာဆီယံ five point consensus အပေါ်မှာပဲ​ packaging ဖြစ်နေတာပေါ့နော်။ သူတို့ဘယ်လိုနည်းလမ်းရှာလို့ရမလဲပေါ့နော်။ သူတို့အနေနဲ့က ကောင်းမွန်တဲ့ဆက်ဆံရေးက ဒီဖက် SAC နဲ့ရှိတာပေ့ါနော်။ ဘယ်လိုနည်းလမ်းရှာလို့ရမလဲ။​ အဲဒီအပေါ်မှာတော့ တနှစ်အတွင်း အချိန်မှာတော့ သူတို့ပြန်ပြီးတော့မှ သုံးသပ်၊ ပြန်ပြီးတော့မှ ပြင်ဆင်ဆောင်ရွက်သွားမယ်ဆိုတဲ့ လက်ရှိအနေအထားမှာပဲရှိပါသေးတယ်။ ဒါကြောင့်မို့လို့ သူတို့ ကိုယ်တိုင်ကိုယ်ကျ လာပြီးတော့မှ တွေ့ဆုံတယ်။ တခြား stakeholder တွေနဲ့လည်း ဘန်ကောက်မှာသူတို့တွေ့ဆုံဖို့ရှိပါတယ်။ "

မစ္စတာ Alounkeo Kittikhoun အနေနဲ့ မြန်မာနိုင်ငံကို အာဆီယံကိုယ် အထူးကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် လာရောက်တာ ဖြစ်တာနဲ့အညီ မြန်မာဘက်မှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ အသံကို နားထောင်ဖို့ လာရောက်ခြင်းဖြစ်ကြောင်း၊ လာအိုအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ တနှစ်တာကာလအတွင်း အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်နဲ့အညီ အကောင်းဆုံး အဖြေရှာ လုပ်ဆောင်သွားမယ်လို့ မစ္စတာ Alounkeo Kittikhoun က ပြောကြားခဲ့တယ်လို့ နန်းယဉ်ယဉ်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း Alounkeo Kittikhoun က ပြန်မေးခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ဟာ လက်တွေ့အကောင်အထည်မှုပိုင်းမှာ အားနည်းချက်ရှိကြောင်း၊ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းကျော်သွားပြီဖြစ်တာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ တနှစ်တာ အလှည့်ကျ တာဝန်ယူတဲ့အချိန်က တိုတောင်းတာကြောင့် အဓိက လုပ်နိုင်တဲ့အကြောင်းအရာကိုရွေးပြီး ဦးစားပေး လုပ်စေလိုကြောင်း သူတို့ဘက်က ပြန်လည် တင်ပြခဲ့တယ်လို့ နန်းယဉ်ယဉ်စိုးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG