သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လူဦးရေးတိုးပွားမှုနှုန်း စံချိန်တင် ကျဆင်း

သူနာပြုသင်တန်းတခုမှာ တွေ့ရတဲ့ တရုတ်အမျိုးသမီးများ
သူနာပြုသင်တန်းတခုမှာ တွေ့ရတဲ့ တရုတ်အမျိုးသမီးများ

စံချိန်တင်မွေးဖွားနှုန်းနိမ့်ကျဆင်းတာနဲ့ COVID-19 သေဆုံးမှုလှိုင်းတွေ မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၃ ခုနှစ်မှာပါ ၂ နှစ်ဆက်တိုက်ကျဆင်းနေပါတယ်။ အမျိုးသားစာရင်းအင်းဗျူရိုရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံရဲ့ စုစုပေါင်း လူဦးရေဟာ ၂၀၂၃ ခုနှစ်မှာ ၀.၂၅% နဲ့ ညီမျှတဲ့ ၂.၀၈ သန်း လျော့ကျပြီး လူဦးရေ ၁.၄၀၉ ဘီလီယံအထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။

ဒါဟာ မော်စီတုံးလက်ထက် ၁၉၆၁ ခုနှစ်မှာ ငတ်မွတ်ခေါင်းပါးမှုကြီးနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် လူဦးရေတိုးပွားတဲ့နှုန်း ကျဆင်းမှုက ပထမဆုံးအကြိမ် ကျော်လွန်သွားတာ ဖြစ်ပါတယ်။ မနှစ်က စုစုပေါင်း သေဆုံးမှုဟာ ၆.၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး၊ ဒါဟာ ၁၉၇၄ ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်း သေဆုံးမှုနောက်ပိုင်း အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မွေးဖွားမှုနှုန်းကလည်း ၅.၇ သန်းအထိ ကျဆင်းသွားခဲ့တာကြောင့် လူ ၁,၀၀၀ မှာ ၆.၃၉ ယောက်အထိ မွေးဖွားမှု စံချိန်တင် ကျဆင်းသွားတာပါ။ ၁၉၈၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်းမှာ အကောင်အထည်ဖော်ခဲ့တဲ့ တအိမ်ထောင် ခလေးတယောက် မူဝါဒကြောင့် တရုတ်နိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အခုလို ကလေးမွေးဖွားမှုနှုန်း ကျဆင်းခဲ့တာပါ။

တရုတ်လူဦးရေးတိုးပွားမှုနှုန်း စံချိန်တင် ကျဆင်း
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG