သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေး တိုးတက်မှု နှစ် ၃၀ အတွင်း အနိမ့်ဆုံးကိုရောက်


တရုတ်နိုင်ငံ ဘေဂျင်းမြို့
တရုတ်နိုင်ငံ ဘေဂျင်းမြို့

နိုင်ငံတကာ အကျပ်အတည်းတွေ၊ အိမ်ခြံမြေလုပ်ငန်းက ပြဿနာတွေနဲ့ ဝယ်ယူစားသုံးမှု ကျဆင်းမှုတွေ ကြုံခဲ့ရတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်မှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အနိမ့်ဆုံးစာရင်းဝင်ခဲ့ကြောင်း ဒီကနေ့ တရားဝင် ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၁၇.၆ ထရီလီယံ တန်ဘိုးရှိတဲ့ စီးပွားရေးတိုးတက်မှုနှုန်း ၅.၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း တရုတ်အစိုးရစာရင်းအင်းဗျုရိုက ထုတ်ပြန်ခဲ့တာပါ။

ဖွံ့ဖြိုးမှု ပမာဏဟာ ခန့်မှန်းချက်နဲ့ ကိုက်ညီပေမဲ့လည်း စီးပွားရေး နိုးထစေမဲ့ အစီအစဉ်သစ်တွေ ချမှတ်ဖို့ ဝယ်ယူစားသုံးမှုတွေ တိုးမြှင့်ဖို့ တာဝန်ရှိသူတွေကို ဖိအားပေးလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ တင်းတင်းကြပ်ကြပ် ချမှတ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ထက် ၃ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါ ကာလတွေကလွဲလို့ ၁၉၉၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း စီးပွားရေး တိုးတက်မှု အနိမ့်ဆုံးဖြစ်ခဲ့တာပါ။

၂၀၂၂ ခုနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၂ ရာခိုင်နှုန်း တဝိုက်လောက်သာ ရှိခဲ့တဲ့ အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေထက် တရုတ်နိုင်ငံရဲ့ တိုးတက်မှုနှုန်းက သာလွန်နေပေမဲ့ ၂၀၁၀ ပြည့်လွန်ကာလတွေမှာ ၆ ရာခိုင်နှုန်း ၇ ရာခိုင်နှုန်းလောက် အဆင့်ကိုတော့ ပြန်မရောက်သေးပါဘူး။ တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုမှာ အစဉ်အလာအားဖြင့် အဓိက နေရာယူထားတဲ့ ပြည်ပကုန် တင်ပို့မှုဟာလည်း ၂၀၁၆ ခုနှစ်ကစ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့နှစ်မှာ ကျဆင်းခဲ့ကြောင်း အကောက်ခွန်ဌာနရဲ့ သောကြာနေ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG