သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

iHeartRadio ဂီတဆု တေလာဆွိဖ်တစ်ကြိုအများဆုံးရထား


ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills မြို့မှာကျင်းပတဲ့ ၈၁ ကြိမ်မြောက်ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်လာတဲ့ အဆိုတော် ‌Taylor Swift (ဇန်နဝါရီ ၇၊ ၂၀၂၄)
ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills မြို့မှာကျင်းပတဲ့ ၈၁ ကြိမ်မြောက်ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်လာတဲ့ အဆိုတော် ‌Taylor Swift (ဇန်နဝါရီ ၇၊ ၂၀၂၄)

ကမ္ဘာမှာ အအောင်မြင်ဆုံး အနုပညာရှင်တဦးဖြစ်တဲ့ အမေရိကန် ပေါ့အဆိုတော် တေလာဆွိဖ်ဟာ ၂၀၂၄ iHeartRadio ဂီတဆုချီးမြှင့်ပွဲအတွက် ဆုနေရာ ၉ ခု အတွက် စကာတင် တစ်ကြိုရွေးချယ်ခံထားရပါတယ်။ သူ့နောက်မှာတော့ Jelly Roll, SZA, and 21 Savage ဆု ၈ ခု စီအတွက် စကာတင်ရွေးခံထားရပြီး Olivia Rodrigo ကတော့ ဆု ၆ ဆုအတွက် တစ်ကြိုရွေးခံထားရပါတယ်။

iHeartRadio ဂီတဆုချီးမြှင့်ပွဲက တနှစ်လုံး သူတို့ ရေဒီယိုလိုင်းတွေနဲ့ သူတို့ ရေဒီယို အပလီကေးရှင်းတွေမှာ အဖွင့်ပေးရဆုံးသီချင်းတွေဆိုတဲ့ အဆိုတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ ပရိသတ်တွေက မဲပေးလို့ရပြီး အကောင်းဆုံးသီချင်းစာသား၊ အကောင်းဆုံး ဂီတဗွီဒီယို၊ အများဆုံး၊ အားအပေးဆုံး ပရိသတ်ထုရှိသူ၊ လူမှုကွန်ယက်လူကြိုက်များသူ၊ ဂီတခရီး အကောင်းဆုံး ဓာတ်ပုံဆရာ၊ တနှစ်အတွင်း တစ်တော့ပေါ်က လူကြိုက်များ အက သို့ သီချင်း၊ အကြိုက်ဆုံး ဂီတခရီးစတိုင်၊ တို့အပြင် ဆုအမျိုးအစား အသစ် ၂ ခု အဖြစ် ဖန်သားပြင်ပေါ်က အကြိုက်ဆုံးသီချင်း၊ အကြိုက်ဆုံး မိတ်ဆက်တေးအယ်လ်ဘမ် တို့ ဖြစ်ပါတယ်။ iHeartRadio.com/awards လိပ်စာမှာ အခုပဲ စတင်မဲပေးလို့ ရတာပါ။ မတ်လ ၂၅ ရက်နေ့ ည သန်းခေါင်မတိုင်မီ တမိနစ်၊ ည ၁၁:၅၉ အထိ ဖွင့်ထားပေးမှာပါ။ ဒီနှစ် ဆု ၇ မျိုး အသစ်ပါလာပါတယ်။ အသစ်ပါတဲ့ထဲမှာ ကိုရီးယား ကေပေါ့ဂီတလည်း ပါပြီး ကေပေါ့အနုပညာရှင်ဆုနဲ့ ကေပေါ့ အကောင်းဆုံးတေး၊ အကောင်းဆုံး ကေပါ့အနုပညာရှင်သစ်တို့ ဖြစ်ပါတယ်။

Tennessee ပြည်နယ် Nashville မြို့မှာကျင်းပတဲ့ ၅၆ ကြိမ်မြောက် CMA ဆုပေးပွဲအခမ်းအနားကိုတက်ရောက်လာတဲ့ အဆိုတော် Jelly Roll (နိုဝင်ဘာ ၉၊ ၂၀၂၂)
Tennessee ပြည်နယ် Nashville မြို့မှာကျင်းပတဲ့ ၅၆ ကြိမ်မြောက် CMA ဆုပေးပွဲအခမ်းအနားကိုတက်ရောက်လာတဲ့ အဆိုတော် Jelly Roll (နိုဝင်ဘာ ၉၊ ၂၀၂၂)

တနှစ်တာ အကောင်းဆုံးတေးဆုအတွက်တော့ Taylor Swift သီဆိုတဲ့ Cruel Summer သီချင်းက Rema နဲ့ Selena Gomez ၂ ယောက်တွဲဆိုတဲ့ “Calm Down” Metro Boomin၊ the Weeknd နဲ့ 21 Savage တို့ရဲ့ “Creepin ဆိုတဲ့ သီချင်း၊ Dua Lipa ရဲ့ “Dance the Night၊ ပြီးတော့ Tracey Chapman သီချင်းကို ပြန်သီဆိုပြီး ဆုလည်းရထားတဲ့ Luke Comb ရဲ့ “Fast Car” Miley Cyrus ရဲ့ Flowers၊ SZA ရဲ့ Kill Bil, Morgan Wallen ရဲ့ “Last Night၊ Doja Cat ရဲ့ “Paint the Town Red," နဲ့ Olivia Rodrigo ရဲ့ “vampire.” ဆိုတဲ့ သီချင်းတွေကို စကာတင် ရွေးထားပါတယ်။

ဆုပေးပွဲအခမ်းအနားကိုတော့ Los Angeles မြို့မှာတည်ရှိတဲ့ Dolby Theatre ကနေ ဧပြီလ ၁ ရက်နေ့ ည ၈ နာရီမှာ FOX ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်းဆိုရင် iHeartRadio လိုင်းတွေနဲ့ အွန်လိုင်းမှာဆို သူတို့ရဲ့ အပလီကေးရှင်းတွေကနေလည်း တိုက်ရိုက်နားဆင်လို့ရမှာပါ။

XS
SM
MD
LG