သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၃ အထူးခြားဆုံး ပုဂ္ဂိုလ် “တေလာဆွိဖ်” 


ကမ္ဘာကျော်အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift (အောက်တိုဘာ ၁၁၊ ၂၀၂၃)
ကမ္ဘာကျော်အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift (အောက်တိုဘာ ၁၁၊ ၂၀၂၃)

၂၀၂၃ ခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ် “2023 Person of the Year ” အဖြစ် ကမ္ဘာ့ဂီတစင်မြင့်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ အမေရိကန် ပေါ့ပ်အဆိုတော် တေလာဆွိဖ် Taylor Swift ကို Time တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။ ဗြိတိန်ဘုရင် ချားလ်စ်နဲ့ အထူးအောင်မြင်တဲ့ ဘာဘီရုပ်ရှင်ကား၊ ဟောလီးဝုဒ်မှာ သပိတ်မှောက်ဆန္ဒပြနေသူများ၊ ဒီလို စကာတင်ရွေးချယ်သူတွေထဲကမှ တေလာဆွိဖ်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

“လူသန်း ၈၀၀၀ နေတဲ့ ကမ္ဘာကြီးကနေ လူတဦးတည်းကို ရွေးချယ်ဖို့ ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး၊ ပျော်ရွှင်မှုဆိုတာကို ကိုယ်စားပြုတဲ့သူကို ရွေးချယ်လိုက်ပါတယ်၊ ကမ္ဘာကို အလင်းရောင် ဆောင်ကျဉ်းပေးနိုင်တဲ့ သူပါ” လို့ တိုင်းမ် မဂ္ဂဇင်း စာတည်းမှူးက NBC ရုပ်သံကို ပြောသွားပါတယ်။

သူက ရာသီဥတုလိုပါပဲ .. နေရာအနှံ့မှာ ရောက်ရှိနေသူပါလို့လည်း ပြောသွားပါတယ်။

ကမ္ဘာကျော်အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift (အောက်တိုဘာ ၁၁၊ ၂၀၂၃)
ကမ္ဘာကျော်အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift (အောက်တိုဘာ ၁၁၊ ၂၀၂၃)

တိုင်းမ်မဂ္ဂဇင်းက အခုလို ကမ္ဘာမှာ တနှစ်တနှစ် အကောင်း၊ အဆိုး သတင်းထိပ်တန်းကိုနေရာယူထားတဲ့ အထူးခြားဆုံး ပုဂ္ဂိုလ်၊ အုပ်စု၊ အကြောင်းအရာကို ရွေးချယ်တာက ၁၉၂၇ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ အရင်နှစ်တွေ ရွေးချယ်ခံရသူတွေထဲမှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ရုရှားသမ္မတ ပူတင်၊ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် မာတင်လူသာကင်းနဲ့ ဆွီဒင်က ဥတုရာသီဖောက်ပြန်ရေးတားဆီးသူ ဂရာတာ သွန်းဘတ်က်တို့လည်း ပါဝင်ခဲ့ပါတယ်။

တေလာဆွိဖ်ရဲ့ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်း Eras Tour ဖျော်ဖြေရေးခရီးစဉ်ဟာ အရင်ကတခါမှ မရှိဘူးတဲ့ အတိုင်းအတာနဲ့ အောင်မြင်ခဲ့ပြီး၊ သူ ၂၀၁၄ မှာ ထွက်ပြီးသား 1989 တေးအယ်လ်ဘမ်ကို ပြန်အသံသွင်း ထုတ်ဝေတော့လည်း အရောင်းစံချိန် ချိုးခဲ့ပါတယ်။ သူနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကျော် ဟားဗက်တက္ကသိုလ်က အတန်းတခုအဖြစ် သင်ကြားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG