သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနာမှုအကူအညီတွေနဲ့ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ ထိုင်းအစိုးရမျှော်လင့်


ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow
ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ထိုင်းနိုင်ငံရဲ့ အစပျိုးဆောင်ရွက်ချက်တွေဟာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် လမ်းခင်းပေးရာရောက်ဖို့ ယုံကြည်တဲ့အကြောင်း ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ရိုက်တာ သတင်းဌာနကို ပြောဆိုပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာစစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရတို့ အကြား တွေ့ဆုံဖို့ဖြစ်ပြီး အနည်းဆုံး ဒီနှစ်လယ်လောက်မှာ စတင်နိုင်တယ်လို့လည်း ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီလို တွေ့ဆုံဖို့ စစ်ကောင်စီဘက်က သဘောတူထားခြင်းရှိမရှိနဲ့ တခြား အသေးစိတ်ကိုတော့ ပြောဆိုသွားခြင်း မရှိပါဘူး။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာ လက်တွဲဘက်တွေ၊ အိမ်နီချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေး လုပ်ကိုင်နေတယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံထဲမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ စစ်ဘေးကြောင့် အိုးမဲ့အိမ့်မဲ့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဆေးဝါးနဲ့ စားနပ်ရိက္ခာ ကူညီရေး ဒီလကုန်က စပြီး မဲဆောက်မြဝတီနယ်ခြားမှာ ဘေးကင်းတဲ့ နေရာတခု သတ်မှတ်ပြီး ကူညီဖို့ ထိုင်းနိုင်ငံက စီစဉ်နေပါတယ်။

ဒီအစီအစဉ်ဟာ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တခြား ခုခံတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကြိုးပမ်းချက်ကို ပံ့ပိုးရာရောက်စေမယ်လို့ ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံ မတည်မငြိမ် ဖြစ်တာကို ထပ်မတွေ့လိုတဲ့အကြောင်းနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်ဟာ ထိရောက်၊ ယုံကြည်စိတ်ချရမှာ ဖြစ်သလို ထင်သာမြင်သာ ရှိရှိ လုပ်ဆောင်သွားမဲ့အကြောင်းလည်း ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG