သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းအလုပ်သမားအရေး မျှမျှတတကိုင်တွယ်ဖို့ ထိုင်းဒုဝန်ကြီးတိုက်တွန်း

ယခင်မှတ်တမ်းရုပ်ပုံ | ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာကျင်းပတဲ့အစည်းအဝေးတခုအတွင်း ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကိုတွေ့ရစဉ် (ဇူလိုင် ၂၈၊ ၂၀၁၄)
ယခင်မှတ်တမ်းရုပ်ပုံ | ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာကျင်းပတဲ့အစည်းအဝေးတခုအတွင်း ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကိုတွေ့ရစဉ် (ဇူလိုင် ၂၈၊ ၂၀၁၄)

ထိုင်းနိုင်ငံအတွင်း ရောက်လာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအရေး ကိုင်တွယ်ရာမှာ မျှမျှတတကိုင်တွယ်ဖို့ လိုသလို အရင်းခံ ပြသနာကို နားလည်ဖို့ လိုတဲ့အကြောင်း ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

ရွှေ့ပြောင်းဝင်ရောက်လာသူတွေဟာ စီးပွားရေး အကျပ်အတည်း၊ စစ်နဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးရင်း ရောက်လာသူတွေ ဖြစ်တဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံ စီးပွားရေးအတွက် အထောက်အပံ့ဖြစ်စေသလို ထိုင်းလူမှုအဖွဲ့အစည်းတွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့အကြောင်း Sihasak Phuangketkeow က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ IOM အဖွဲ့ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပူးပေါင်းကျင်းပတဲ့ ဆွေးနွေးပွဲတခုမှာ ပြောဆိုတာပါ။ တချိန်တည်းမှာ တရားမဝင် ရွေ့ပြောင်းသူတွေ အရေးနဲ့အတူ အမျိုးသားလုံခြုံရေး၊ စီးပွားရေး အကျပ်အတည်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်နွယ်နေတာကိုလည်း သူက သတိပေးပါတယ်။ ထိုင်းနိုင်ငံဟာ ၁၉၇၀ ခုနှစ်တွေ အတွင်း ကမ္ဘောဒီးယား ပြည်တွင်းစစ်ကာလ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူ ကမ္ဘောဒီးယားနိုင်ငံသား သုံးသိန်းလောက်ကို လက်ခံခဲ့သလို မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြား သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို ခေတ်အဆက်ဆက် အိမ်ရှင်အဖြစ် လက်ခံလာတဲ့ နိုင်ငံ ဖြစ်ပါတယ်။

တချိန်တည်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေ တခြားနိုင်ငံတွေကို သွားဖို့ လမ်းခုလတ်အဖြစ် သုံးနေတာကိုလည်း ထိုင်းဒုတိယနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသွားပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၂၅ နဲ့ ၂၀၂၇ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းနေတာကြောင့်လည်း ရွှေ့ပြောင်းဝင်ရောက်လာသူတွေ အရေး သတိထား ကိုယ်တွယ်ဖို့ ထိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က သတိပေးသွားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG