သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်က မူးယစ်ဆေးနဲ့ ဘိန်းဖြူအများအပြား ထိုင်းရဲဖမ်းမိ


မြန်မာနယ်စပ်က မူးယစ်ဆေး ဘိန်းဖြူ ဘတ်သန်း(၁၀၀)ကျော်ဖိုး ထိုင်းရဲဖမ်းမိ (Photo: ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို)
မြန်မာနယ်စပ်က မူးယစ်ဆေး ဘိန်းဖြူ ဘတ်သန်း(၁၀၀)ကျော်ဖိုး ထိုင်းရဲဖမ်းမိ (Photo: ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို)

မြန်မာနယ်စပ်က မူးယစ်ဆေးနဲ့ ဘိန်းဖြူအများအပြား ထိုင်းရဲဖမ်းမိ

မြန်မာနဲ့ နယ်စပ် ထိုင်းဘက်ခြမ်းမှာ နှစ်သစ်ကူး ကာလ အတွင်း သန်းနဲ့ချီတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေ၊ ဘိန်းဖြူ ၊ မူးယစ်မှောင်ခိုတွေရဲ့ ဘတ် သန်းချီ တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေ အပြင် မူးယစ်မှောင်ခို ကွန်ရက်တွေနဲ့ ဆက်စပ်မှုစွဲချက်နဲ့ လူ တချို့ကိုလည်း ဖမ်းဆီးထားကြောင်း ထိုင်းအာဏာပိုင်တို့က ပြောပါတယ်။

မြန်မာနဲ့ နယ်စပ်အနီးက ချင်းမိုင်၊ ချင်းရိုင် နဲ့ နကွန် ခရိုင်တို့ကနေ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကနေ အခု နှစ်သစ် အစပိုင်း အထိ ဖမ်းဆီးရမိမှုထဲမှာ မူးယစ် စိတ်ကြွဆေးပြား ၁၆ သန်း၊ ဘိန်းဖြူ ၂၇ ကီလိုနဲ့ မူးယစ်မှောင်ခိုကူးသူတို့ရဲ့ ပိုင်ဆိုင်မှု ထိုင်းဘတ်ငွေ သန်း ၁၀၀ ကျော်ဖိုးထိ ရှိကြောင်း ဇန်နဝါရီလ ၄ ရက်နေ့ ကြာသပတေးနေ့မှာ ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုက သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး မှောင်ခို ကွန်ရက်တွေနဲ့ အဓိက ဆက်စပ် ပတ်သက်သူ ၆ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ထိုင်း ဒုတိယရဲချုပ်က ဘန်ကောက်မှာ ကြာသပတေးနေ့ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ပြောဆိုခဲ့ပါတယ်။

မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိရေး အပြင် မူးယစ်ဆေးဝါး မှောင်ခို ဂိုဏ်းတွေကိုပါ ထောက်လှမ်းရှာဖွေနှိမ်နင်းနေကြောင်း၊ သူတို့ ပိုင်ဆိုင်မှုတွေကိုလည်း ဆက်လက် သိမ်းဆည်းမှာ ဖြစ်ကြောင်းလည်း ထိုင်း ဒုတိယ ရဲချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ဒေသတွင်း မူးယစ်ဆေးဝါး ကုန်ကူးမှုတွေ တိုးလာနေပြီး မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု အများဆုံး နိုင်ငံ အဖြစ်ကို ရောက်ရှိလာကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး UNODC က ပြီးခဲ့တဲ့နှစ် အတွင်းမှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG