သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ အကူအညီပေးရေး အစီအစဉ် ထိုင်းအစိုးရ အဆိုပြု


ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara

ထိုင်းနိုင်ငံကို ထွက်လာတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး ဖေဖေါ်ဝါရီလကုန် ထိုင်းနဲ့ မြန်မာစစ်ကောင်စီအကြား ဆွေးနွေးပြီး နှစ်နိုင်ငံအကြားဆက်သွယ်မဲ့ လမ်းကြောင်းနဲ့ နေရာတွေ သတ်မှတ်သွားမယ့်အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောဆိုပါတယ်။

မြန်မာ ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးရေးဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို တခြား အဖွဲ့ဝင်နိုင်ငံတွေကလည်း ထောက်ခံတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လာအိုနိုင်ငံ Luang Prabang မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာပါ။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး လာအိုနိုင်ငံရဲ့ ချဉ်းကပ်မှုတွေကို ထောက်ခံတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုချက်တွေကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာလည်း ရေးသားထားပါတယ်။

အာဆီယံအရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေမှာမြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ် ပါဝင်လာတာကို ကြိုဆိုတဲ့အကြောင်း ပြောဆိုပြီး စစ်ကောင်စီဘက်ကလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို တုံ့ပြန်ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။ မြန်မာ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီပေးရေး ကိစ္စတွေ လေ့လာဖို့ ဖေဖေါ်ဝါရီလ ၈ ရက်နဲ့ ၉ ရက်တွေ့တွေမှာ ထိုင်းနယ်စပ် မဲဆောက်မြို့ကို သွားမယ့်အကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာဒုက္ခသည်တွေ အကူအညီပေးရေး အစီအစဉ် ထိုင်းအစိုးရ အဆိုပြု
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG