သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ဆွစ်ဇာလန်မှာ မြန်မာ့အရေး ဆွေးနွေး


Thailand Politics
Thailand Politics

မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ထိုင်းနိုင်ငံဟာ နည်းလမ်းသစ်တွေ ရှာဖွေပြီး တက်တက်ကြွကြွလုပ်ဆောင်နေကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာကျင်းပတဲ့ မြန်မာအရေးဆွေးနွေးပွဲမှာ ပြောပါတယ်။

၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တက်နေတဲ့အချိန် နိုင်ငံတကာအဖွဲ့အစည်းက အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ အစည်းအဝေးပြင်ပ သီးခြားတွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားတာပါ။ ဆွေးနွေးပွဲမှာပါဝင်သူတွေနဲ့ ဆွေးနွေးပွဲ အချိန် အတိအကျကိုတော့ ရေးသားဖေါ်ပြခြင်း မရှိပါဘူး။ မြန်မာနိုင်ငံအတွင်းက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး သင့်သင့်မြတ်မြတ်နဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာနိုင်အောင် စေ့စပ်ညှိနှိုင်းဖို့လိုတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree ပြောဆိုတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးသွားမယ့်အကြောင်းနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့အကြပ်အတည်းနဲ့ ပဋိပက္ခကိုအဖြေရှာရေး စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ဆွေးနွေးပွဲတွေကျင်းပနိုင်အောင် ကမကထလုပ် ကြားဝင်ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရက ပြင်ဆင်နေကြောင်း ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြောဆိုထားပါတယ်။

ဒီအတောအတွင်းအင်္ဂါနေ့က ထိုင်း ဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံးအကြံပေး ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စတွေကို ဆွေးနွေးတဲ့အကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG