သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေး စစ်ကောင်စီ ကိုယ်စားလှယ်တက်ရောက် 


အာဆီယံနိုင်ငံခြားရေးအစည်းအဝေးကိုတက်ရောက်လာတဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယာယီ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် (ဇန်နဝါရီ ၂၉၊ ၂၀၂၄)
အာဆီယံနိုင်ငံခြားရေးအစည်းအဝေးကိုတက်ရောက်လာတဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယာယီ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် (ဇန်နဝါရီ ၂၉၊ ၂၀၂၄)

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌလာအိုနိုင်ငံမှာ တနင်္ဂနွေနေ့က စတင်ပြီး နှစ်ရက်ကြာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ Retreat သီးသန့်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးကို ဖိတ်ကြားခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေး ပိုပြီးနားလည်လာအောင် ကြိုးပမ်းသွားမယ်လို့ အိမ်ရှင်လာအိုနိုင်ငံက ပြောဆိုပါတယ်။

"မြန်မာနိုင်ငံနဲ့ ပိုပြီး ထိတွေ့ဆက်ဆံဖို့၊ ပိုပြီး နားလည်မှုရဖို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေသာမကဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာလည်း တကယ့်ပကတိ ဖြစ်ပျက်နေတာတွေကို နက်နက်ရှိုင်းရှိုင်းနားလည်သဘောပေါက်လာဖို့ သေခြာပေါက် ကျနော်တို့ လုပ်ဆောင်သွားပါမယ်ဆိုပြီး" လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က အစည်းအဝေးမှာ ပြောဆိုသွားတာပါ။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ Retreat သီးသန့်အစည်းအဝေးကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယာယီ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် တက်ရောက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်မှု မရှိတဲ့အတွက် ဒေသတွင်း အစည်းအဝေးတွေမှာ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့် မရှိဘဲ၊ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ဖို့ အာဆီယံ အဖွဲ့က ဆုံးဖြတ်ထားတာပါ။ မြန်မာစစ်ကောင်စီဘက်ကလည်း တန်းတူအခွင့်အရေး မရတဲ့အတွက်ဆိုပြီး အရင်က အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် စေလွှတ်ခဲ့ခြင်း မရှိပါဘူး။ သုံးနှစ်အတွင်း ဒီတကြိမ် ပထမဆုံး မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦး တက်ရောက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG