သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အကြီးအကဲနဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဇန်နဝါရီ - ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဇန်နဝါရီ - ၁၀

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံကခန့်အပ်ထားတဲ့ မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ Alounkeo Kittikhoun ဟာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မနေ့က နေပြည်တော်မှာတွေ့ဆုံပြီး မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေးကို ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံရဲ့ အကြပ်အတည်းဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ရေးအပြင် လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်တွေနဲ့ စစ်ကောင်စီ ကတိပေးထားတဲ့ ရွေးကောက်ပွဲကျင်းပရေးကိစ္စတွေကို ဆွေးနွေးတယ်လို့ MRTV ရုပ်သံက ထုတ်လွှင့်ပါတယ်။ မြန်မာနဲ့ လာအို နှစ်နိုင်ငံ ဆက်ဆံရေးအပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ လာအိုနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း ဆွေးနွေးတဲ့အကြောင်း စစ်ကောင်စီဘက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သောကြာနေ့အထိ ရှိနေမယ့် မစ္စတာ Alounkeo Kittikhoun ဟာ NCA-S EAO တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမကျင်းခင် သီတင်းပတ်အနည်းငယ်အလိုမှာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်တာပါ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့လူသားချင်းစာနာမှု အကြပ်အတည်းတွေ ပိုကြီးထွားလာပြီး စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေသလို နိုင်ငံမှာ လူ နှစ်သန်းလောက် အိုးမဲ့အိမ်မဲ့ စွန့်ခွာထွက်ပြေးနေရချိန် လာအိုနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုတွေ ဘယ်အတိုင်းအတာအထိ အောင်မြင်မလဲ၊ ဒေသတွင်း အကဲခတ်တွေကြားမှာ မေးခွန်းထုတ်နေကြပါတယ်။

XS
SM
MD
LG