သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ခံဝန်ချက်နဲ့ ပြန်လွှတ်မည်


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်

ထောင်ဒဏ်တနှစ် ပြစ်ဒဏ်ချမှတ်ခံထားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ၆ လ အချုပ်ခံရပြီး ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးမယ့်အကြောင်း ထိုင်းအစိုးရက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

ထိုင်းအကျဉ်းထောင်တွေထဲက အသက် အရွယ်ကြီးရင့်သူ ဒါမှမဟုတ် ကျန်းမာရေးမကောင်းသူ ၉၃၀ ကို ထောင်ဒဏ် လျှော့ပေါ့ပြီး စောစော လွှတ်ပေးတဲ့အထဲမှာ အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် လည်း ပါဝင်သွားတာပါ။

အဂတိလိုက်စားမှုမျိုးစုံနဲ့ တရားစွဲဆိုခံရပြီး ၁၅ နှစ်ကျော် တိုင်းပြည်ပြင်ပမှာ တိမ်းရှောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာပြီး အဖမ်းခံခဲ့ပါတယ်။ ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခံရပေမဲ့လည်း သူ့ ထောင်ဒဏ်ကို တနှစ်ပဲ ကျခံဖို့ ထိုင်းဘုရင် Maha Vajiralongkor အမိန့်နဲ့ လျှေ့ပေါ့ပေးခဲ့ပါတယ်။ အခု အချုပ်ကျရက် ၆ လ တလျှောက်လုံးနီးပါးလည်း အတိအကျ မဖေါ်ပြတဲ့ ကျန်းမာရေး အကြောင်းပြချက်နဲ့ ရဲဌာန ဆေးရုံမှာပဲ နေခဲ့တာပါ။ ဆင်းရဲနွမ်းပါးတဲ့ ထိုင်း ကျေးလက်ပြည်သူတွေအများစုအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အထောက်အပံ့တွေပေးခဲ့ပြီး လူထုထောက်ခံမှုရခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၂၀၀၁ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံရဲ့ နှစ်ပေါင်းများစွာ အသားကျနေတဲ့ လူနည်းစု လွှမ်းမိုးတဲ့ လူမှုရေးနဲ့ အုပ်ချုပ်ရေးစနစ်အပေါ် ခြိမ်းခြောက်သူအဖြစ် ရှုမြင်ခံရတာကြောင့် ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ဝန်ကြီးချုပ်တာဝန်က ဖယ်ရှားတာခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG