သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြလယ်သမားတွေကို အိန္ဒိယရဲ နှိင်နင်းဖြိုခွဲ


အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီကို ဦးတည်ချီတက်လာတဲ့ ဆန္ဒပြလယ်သမားတွေကို ရဲတပ်ဖွဲ့ကတားဆီးခဲ့ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄)
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီကို ဦးတည်ချီတက်လာတဲ့ ဆန္ဒပြလယ်သမားတွေကို ရဲတပ်ဖွဲ့ကတားဆီးခဲ့ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄)

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီကို ဦးတည်ချီတက်လာတဲ့ ဆန္ဒပြလယ်သမားတွေကို ရဲတပ်ဖွဲ့က ဒီကနေ့ မျက်ရည်ယိုဗုံးတွေအသုံးပြု လူစုခွဲ ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ လယ်ထွန်စက်တွေ၊ ထရပ်ကားတွေနဲ့ လိုက်ပါလာတဲ့ ထောင်နဲ့ချီတဲ့ လယ်သမားတွေကို မြောက်ပိုင်း Haryana ပြည်နယ်အနီးမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေကို ဒရုန်းနဲ့ပစ်ချ လူစုခွဲခဲ့တာပါ။

ဒီလယ်သမားတွေက ၂၀၂၁ ခုနှစ်ကတည်းက နယူးဒေလီ ဆင်ခြေဖုံးဒေသတွေမှာ တနှစ်ကျော်ကြာ စခန်းချပြီး ဆက်တိုက် ဆန္ဒပြနေခဲ့တာပါ။ သူတို့က လယ်သမားတွေ ဝင်ငွေထိခိုက်နစ်နာစေတဲ့ စိုက်ပျိုးရေး ဥပဒေတွေကို ဖျက်သိမ်းပေးဖို့နဲ့ အစိုးရအာမခံ သီးနှံဈေးနှုန်း သတ်မှတ်ဖို့ တောင်းဆိုနေကြတာပါ။ လယ်ယာထွက်ကုန် အားလုံးအတွက် လယ်သမားတွေ ထိခိုက်နစ်နာမှုမရှိအောင် သတ်မှတ်ချက်တွေ ချမှတ်လုပ်ဆောင်ဖို့ လယ်သမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့ဖွဲ့ပြီး ဆွေးနွေးမယ်လို့ အစိုးရက ကတိပြုခဲ့ပေမဲ့ ဆွေးနွေးပွဲတွေက တိုးတက်မှုရလဒ် တစုံတရာ မရတာကြောင့် အခုလို လယ်သမားတွေက ထပ်ပြီး ဆန္ဒပြ တောင်းဆိုကြတာပါ။

အစိုးရက လူစုလူဝေးခွင့်တားမြစ်ထားသလို ရဲတပ်ဖွဲ့က မြို့တော် နယူးဒေလီဝင်ပေါက်တွေကို ကာရံပိတ်ဆို့ထားတဲ့ကြားက လယ်သမားတွေ အခုလို ဆန္ဒပြတာပါ။ Haryana ပြည်နယ်၊ ခရိုင်တချို့မှာ အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ထားပါတယ်။ ဝန်ကြီးချုပ် Narendra Modi ၃ ကြိမ်မြောက် အနိုင်ရနိုင်တယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ လပိုင်းအလိုမှာပဲ အခုလို လယ်သမားတွေ ချီတက် ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG