သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် လေထုညစ်ညမ်းမှု စိုးရိမ်အဆင့်ရောက်


လေထုညစ်ညမ်းနေတဲ့ ဘန်ကောက်မြို့ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄)
လေထုညစ်ညမ်းနေတဲ့ ဘန်ကောက်မြို့ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုအခြေအနေက ကျန်းမာရေးထိခိုက်လောက်အောင် စိုးရိမ်ရတဲ့အဆင့်အထိ ရောက်နေပါတယ်။ ဖုန်မှုန့်တွေများတာကြောင့် မျက်လုံးတွေ ယားပြီး အသက်ရှူရတာ ခက်နေတယ်လို့ အသက် ၅၇ နှစ်အရွယ် ဆိုင်ကယ်တက္ကစီဆွဲသူ တယောက်က ပြောပြပါတယ်။

ဘန်ကောက်မြို့ကောင်းကင်မှာ မြူတွေလို လေထုညစ်ညမ်းတဲ့ ဖုန်တွေ လွှမ်းနေတာကြောင့် တတ်နိုင်ရင် ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ကြဖို့ လုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ မနက်ဖြန် သောကြာနေ့လောက်ထိ လေထုညစ်ညမ်းမှု ဆိုးနိုင်သေးတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

လေထုညစ်ညမ်းမှု တိုင်းထွာချက် IQ Air အင်တာနက်စာမျက်နှာရဲ့ ဖော်ပြချက်အရ ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးနံပတ် ၈ နေရာမှာ ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့ မြို့တခုမှာ ရှိရမယ့် လေထဲ ဖုန်မှုန့်ပါဝင်မှုထက် ၁၅ ဆ ပိုများနေတာကို တွေ့ရပါတယ်။ လယ်ယာမြေ မီးရှို့တာ၊ ကားကျပ်တဲ့ ဘန်ကောက်လမ်းမ‌ပေါ်က မော်တော်ကားတွေနဲ့ စက်ရုံတွေက ထွက်တဲ့မီးခိုးတွေကြောင့် ဘန်ကောက်မြို့တော်မှာ လေထုညစ်ညမ်းမှုဆိုးရွားနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG