သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသူ နိုဘယ်အေး သေဆုံးကြောင်း မောင်ဖြစ်သူ အတည်ပြု


နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဗယ်အေး
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဗယ်အေး

နိုင်ငံရေးအကျဉ်းသူ နိုဘယ်အေး သေဆုံးကြောင်း မောင်ဖြစ်သူ အတည်ပြု

ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဗယ်အေးနဲ့ လူငယ်တဦးတို့ဟာ စစ်ကောင်စီတပ်က ဖမ်းဆီးထားစဉ် ဒီရက်ပိုင်းမှာပဲ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


ပဲခူးတိုင်းဝေါမြို့နယ်ထဲမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းမေအောင် ခေါ် မနိုဗယ်အေးဟာ ဖမ်းဆီးခံရပြီးကတည်းက မိသားစုနဲ့ ဆက်အသွယ်မရ ဖြစ်နေပြီး အခုအခါမှာ သေဆုံးသွားခဲ့ပြီလို့ အတည်ပြုနိုင်ကြောင်း မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။

" ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်လိုက်တယ် ဆိုတဲ့ဟာက အောင်ကိုဟိန်း(ခ)လေးခွင်းက ပွဲချင်းပြီးသေတယ်လို့ ကြားပါတယ်၊ မနိုဗယ်အေးက ဘယ်အချိန်မှာ သေဆုံးတယ် ကျဆုံးတယ်ဆိုတာတော့ မသိဘူး၊ ဒါပေမယ့် သူမရှိတော့ဘူး ကျဆုံးသွားပြီ ဆိုတာကိုတော့ NUG ဝေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကတော့အတည်ပြု ပြောလာပါတယ်။ ကျနော့်အမ သေဆုံးသွားပြီဆိုတာ နယ်မြေခံ စုဖွဲမှူးတွေကလည်း ပြောတော့ ကျနော်တို့ကလည်း အဆိုးဆုံးကို ပြင်ဆင်ထားတော့ ကျနော့်အမ သေဆုံးသွားပြီ ဆိုတာကို အတည်ပြုခဲ့ရပါတယ်။ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုမင်းထက်သာလည်း ဒီသတင်းနဲ့ပတ်သက်ပြီး ခိုင်လုံပါတယ် သူ့နာမည် ထုတ်သုံးလို့ရပါတယ် ၊ အတည်ပြုပါတယ်လို့ ပြောပါတယ်။"

ဒီသတင်းနဲ့ပတ်သက်လို့ အိုင်စီအာစီ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကလည်း လိုက်လံ စုံစမ်းနေပေမယ့် မိသားစုဝင်တွေ မပါတာကြောင့် စုံစမ်းမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ အိုင်စီအာစီက မိသားစုတွေ သဘောတူညီချက်ရယူခဲ့ပြီး စုံစမ်းမူတွေ ဆက်လုပ်မယ်လို့ အသိပေးလာတယ်လို့လည်း ပြောပါတယ်။

" အိုင်စီအာစီကတော့ အတည်မပြုသေးဘူး စစ်တပ်ထဲကို လိုက်မယ်။ အဲဒီလို လူပျောက်နေတယ် စစ်တပ်ထဲမှာ ရှိတယ်လို့ သတင်းရတယ်။ အဲဒါကို လိုက်မယ်လို့ ပြောပါတယ်။ "

ဒီသတင်းနဲ့ပတ်သက်လို့ ဝေါ်မြို့နယ် ရဲစခန်းကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မနိုဘယ်လ်‌အေးကို ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရစဉ်မှာ စစ်ကောင်စီကို ထောက်ခံတဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ကနေ သူမဟာ လက်နက်တွေသယ်ဆောင်လာပြီး အဖမ်းဆီးခံရတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို သူမနဲ့အတူ လူငယ်တဦးကိုပါ ဖမ်းဆီးထားခဲ့ပါတယ်။ သူမဟာ နိုင်ငံရေးအကျဉ်းသူဟောင်း တယောက်ဖြစ်ပြီး အခု ဖမ်းဆီးခံရချိန်မှာ ကျန်းမာရေး မကောင်းတဲ့သူတဦးဖြစ်ပါတယ်။ သူမကို ဖမ်းဆီးချိန်ကစလို့ ၂ ပတ်ကျော်ကြာတဲ့ အချိန်အတွင်းမှာ အခုလိုမျိုး သူမသေဆုံးပြီဆိုတဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG