သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 နယ်စပ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေလက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆန်


ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော်နေကြစဉ် (သြဂုတ် ၂၅၊ ၂၀၂၃)
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော်နေကြစဉ် (သြဂုတ် ၂၅၊ ၂၀၂၃)

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် နောက်ထပ် တိမ်းရှောင်လာကြမဲ့‌ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဖိအားပေးမှုတွေ တိုးလာနေပေမဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ လက်မခံဘဲ ငြင်းဆန်နေပါတယ်။ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေကြောင့် နယ်စပ်မှာရောက်နေတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက လက်ခံဖို့ တိုက်တွန်းနေကြတာပါ။

ပဋိပက္ခတွေကြားကနေ ထွက်ပြေးလာကြတဲ့ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သားတွေကို ဘေးကင်းလုံခြုံရာမှာ ခိုလှုံခွင့်ပေးဖို့ အရေးကြီးကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပြောခွင့်ရ Mostafa Mohammad Sazzad Hossain ကို ကိုးကားပြီး Nikkei Asia သတင်းက ဖော်ပြပါတယ်။ လက်ခံဖို့ ငြင်းဆန်မယ်ဆိုရင် ပိုပြီး အန္တရာယ် များတယ်လို့လည်း သတိပေးထားတာပါ။

ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်ကို လက်ခံထားရတာကြောင့် နောက်ထပ် လက်မခံနိုင်တော့ကြောင်း ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ UNHCR က မြန်မာနယ်စပ် နေရာ ၁၉ ခုမှာ ခိုလှုံခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာ ၉၀၀ လောက်ကို စာနာမှုနဲ့ လက်ခံဖို့ ပြောဆိုခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရတယ်လို့လည်း သတင်းက ဖော်ပြခဲ့တာပါ။

တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကိုတော့ မကြာသေးခင်ကပဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မြန်မာနိုင်ငံ ပြန်ပို့ခဲ့ပါတယ်။

 နယ်စပ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေလက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆန်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG