သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ပါလက်စတိုင်း ၆၇ ဦး ထပ်မံ သေဆုံး

အပျက်အစီးတွေကြား အသက်ရှင်သူတွေကို ကယ်ထုတ်နေတဲ့ ပါလက်စတိုင်းဒေသခံများ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄)
အပျက်အစီးတွေကြား အသက်ရှင်သူတွေကို ကယ်ထုတ်နေတဲ့ ပါလက်စတိုင်းဒေသခံများ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄)

အရပ်သားတွေကို ခိုလှုံဖို့ ညွှန်ကြားထားတဲ့ နေရာတွေ အပါအဝင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဗုဒ္ဓဟူးနေ့မှာ ညပိုင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အတွက် ပါလက်စတိုင်း ၆၇ ဦးထက်မနည်း တညတည်းမှာ သေဆုံးခဲ့ပါတယ်။ ဂါဇာ အလယ်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် Deir al-Balah မြို့ရှိ Al-Aqsa ဆေးရုံက ရုပ်အလောင်း ၄၄ လောင်းကို လက်ခံရရှိခဲ့တယ်လို့ ပြောပါတယ်။

ပါလက်စတိုင်းအရပ်သားတွေ ခိုလှုံနေတဲ့ နေရာကို တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ၂ ဦး သေဆုံးခဲ့တယ်လို့လည်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (RSF) က ဒီနေ့ပဲ ပြောပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မိသားစုဝင် ၂ ဦးထက်မနည်း သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကြောင့် ကျွန်တော်တို့ ထိတ်လန့်မိပါတယ်လို့လည်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့က X လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဟာမတ်စ် စစ်သွေးကြွတွေက မနှစ် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁,၂၀၀ ခန့် သေဆုံးပြီး ၂၅၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။ အခုချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ၁၃၀ လောက်ထဲက လေးပုံတစ်ပုံကတော့ သေဆုံးသွားပြီလို့ ယုံကြည်နေကြပါတယ်။ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဒီတိုက်ပွဲတွေကြောင့် ပါလက်စတိုင်း ၂၉,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ပါလက်စတိုင်း ၆၇ ဦး ထပ်မံ သေဆုံး
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG