သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဆွေးနွေးပြောဆိုမှု စစ်ကောင်စီ ကန့်ကွက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ လွှတ်တော်အဆောက်အဦ (ဩဂုတ်၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ လွှတ်တော်အဆောက်အဦ (ဩဂုတ်၊ ၂၀၂၃)

ထိုင်းလွှတ်တော်မှာ မြန်မာ့အရေး ဆွေးနွေးမှုကိုရော မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေ ရပ်သွားအောင် နိုင်ငံတကာက လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးမဟာမင်းကြီးရဲ့ တောင်းဆိုမှုကိုပါ မြန်မာစစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။

ထိုင်းလွှတ်တော်တွင်း မြန်မာ့အရေး ဆွေးနွေးပွဲ အစီအစဥ်ကြော်ညာ (ပုံ − Thai Parliament Official)
ထိုင်းလွှတ်တော်တွင်း မြန်မာ့အရေး ဆွေးနွေးပွဲ အစီအစဥ်ကြော်ညာ (ပုံ − Thai Parliament Official)

စစ်အာဏာသိမ်း ၃ နှစ်အလွန် ထိုင်းမြန်မာနယ်စပ်မှာ လုံခြုံရေး ရိုက်ခတ်မှုတွေ ရှိလာပြီးနောက် ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အထင်ကရ ထိုင်းလွှတ်တော်အမတ်တွေနဲ့အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာ့အရေး ဆောင်ရွက်နေသူတွေကိုပါ ဖိတ်ကြားပြီး မတ်လ ၂ ရက်နဲ့ ၃ ရက်တွေမှာ ထိုင်းလွှတ်တော်တွင်း ဆွေးနွေးကြတာကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာပါ။

ဒီလို ထိုင်းလွှတ်တော်မှာ ဆွေးနွေးပွဲ လုပ်တာဟာ ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေတယ်လို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကို စစ်ကောင်စီက စာပေးပို့ခဲ့တာဖြစ်ပါတယ်။

မတ်လ ၁ ရက်နေ့ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမှာပြုလုပ်တဲ့ မြန်မာ့အရေး အပြန်အလှန်ဆွေးနွေးပွဲမှာ လူ့အခွင့်ရေးကော်မရှင်နာမင်းကြီး Volker Türk ကလည်း စစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေ ရပ်သွားအောင် နိုင်ငံတကာက ဝိုင်းဝန်း လုပ်ဆောင်ပေးကြဖို့ တောင်းဆိုမှုကိုလည်း ဒီ သောကြာနေ့မှာပဲ စစ်ကောင်စီက တုန့်ပြန် ကန့်ကွက်ခဲ့တာပါ။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ၊ နိုင်ငံရေးနဲ့ အဖမ်းခံရသူတွေကို စနစ်တကျနှိပ်စက်တာ၊ အသက်သေဆုံးတဲ့အထိ နှိပ်စက်တာတွေ ချက်ချင်းရပ်ပြီး အရပ်သားတွေကို အကာကွယ်ပေးဖို့ လူ့အခွင့်ရေး မဟာမင်းကြီးက တောင်းဆိုပါတယ်။

စစ်ကောင်စီကတော့ မဟာမင်းကြီးရဲ့ ပြောဆိုမှုတွေဟာ ပြည်တွင်း အကြမ်းဖက်အဖွဲ့တွေရဲ့ ဝါဒဖြန့်မှုတွေ၊ စွပ်စွဲချက်တွေကို ထင်ဟင်နေကြောင်းနဲ့ စစ်တပ်ဘက်က ကျူးလွန်မှု မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

မြန်မာ့အရေး ဆွေးနွေးပြောဆိုမှု စစ်ကောင်စီ ကန့်ကွက်
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG