သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံသား ၅၀၀ နီးပါး အွန်လိုင်းလိမ်လည်မှု သံသယနဲ့ မြန်မာကပြန်ပို့


အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပါတယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၅၀၀ နီးပါးကို ထ မြန်မာက တရုတ်ထံ ထပ်မံ လွှဲပြောင်းပေးစဥ်။ (ဓါတ်ပုံ − AP )
အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပါတယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၅၀၀ နီးပါးကို ထ မြန်မာက တရုတ်ထံ ထပ်မံ လွှဲပြောင်းပေးစဥ်။ (ဓါတ်ပုံ − AP )

မြန်မာနိုင်ငံဘက်ကနေ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့သူတွေလို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၄၉၇ ယောက်ကို မြန်မာနိုင်ငံဘက်ကနေ ထပ်မံ လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်အများပြည်သူလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက သောကြာနေ့တုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး နိုင်ငံတကာဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း တရုတ်လုံခြုံရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ပြီး အခုလို သံသယရှိသူ ၄၉၇ ယောက်ကို မြန်မာနိုင်ငံ တာချီလိတ်ဒေသမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်ထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ ၄ သောင်း ၆ ထောင်ကျော်ကို မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်သူအများစုကိုတော့ ရှင်းလင်းဖယ်ရှားခဲ့ပြီး ဖြစ်တယ်လို့လည်း တရုတ်ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ယူနန်ပြည်နယ်က ပြန်လည်ခေါ်ဆောင်လာတဲ့ သံသယရှိသူတွေကို ကိုင်တွယ်စစ်ဆေးဖို့ အများ ပြည်သူလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူအဖွဲ့တွေကို ဟူဘေး Hubei ၊ စီချွမ် Sichuan စတဲ့ ပြည်နယ်တွေအပါအဝင်အခြားဒေသတွေမှာပါ တာဝန်ပေးထားတယ်လို့ တရုတ်ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG