သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ အာဆီယံ အစည်းအဝေး မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိ


ဩစတေးလျနိုင်ငံ Melborune မြို့မှာကျင်းပတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေ နဲ့ ဩစတေးလျနိုင်ငံအကြား ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာ့အရေးဆန္ဒပြနေကြသူများ (မတ် ၄၊ ၂၀၂၄)
ဩစတေးလျနိုင်ငံ Melborune မြို့မှာကျင်းပတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေ နဲ့ ဩစတေးလျနိုင်ငံအကြား ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာ့အရေးဆန္ဒပြနေကြသူများ (မတ် ၄၊ ၂၀၂၄)

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ပဋိပက္ခကို ဖြေရှင်းရာမှာ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့နဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကို တရားဝင် အသိအမှတ်ပြုဖို့ ဩစတြေးလျနိုင်ငံ Melbourne မြို့ကို ရောက်နေတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဩစတြေးလျနိုင်ငံကို မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီနေ့ တောင်းဆိုကြပါတယ်။ Melbourne မြို့က မြန်မာ့အရေး ဆန္ဒပြပွဲမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေအပြင် ကမ္ဘောဒီးယားနိုင်ငံသား တချို့လည်း ပူးပေါင်း ပါဝင်ကြပါတယ်။

ဩစတေးလျနိုင်ငံ Melborune မြို့မှာကျင်းပတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေ နဲ့ ဩစတေးလျနိုင်ငံအကြား ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာ့အရေးဆန္ဒပြနေကြသူများ (မတ် ၄၊ ၂၀၂၄)
ဩစတေးလျနိုင်ငံ Melborune မြို့မှာကျင်းပတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေ နဲ့ ဩစတေးလျနိုင်ငံအကြား ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာ့အရေးဆန္ဒပြနေကြသူများ (မတ် ၄၊ ၂၀၂၄)

အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေ နဲ့ ဩစတေးလျနိုင်ငံအကြား ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေတာမှာ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ခြင်းမရှိတဲ့အတွက် နိုင်ငံရေးအရ စစ်ကောင်စီကို ကိုယ်စားပြုတဲ့သူကို ဖိတ်ကြားခြင်းမပြုဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ဒီထိပ်သီးစည်းဝေးပွဲမှာလည်း စစ်ကောင်စီကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။ မတ်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပမယ့် ဒီထိပ်သီးအစည်းအဝေးဟာ ဩစတြေးလျနိုင်ငံက အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်ခဲ့တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်ဖြစ်ပါတယ်။

ဒေသတွင်း တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု၊ ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျပ်အတည်းတွေဟာ ထိပ်သီး အစည်းအဝေးမှာ လွှမ်းမိုးမယ့်အကြောင်းအရာတွေ ဖြစ်မယ်လို့ ဒေသတွင်း အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။

ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Penny Wong ကတော့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ရေကြောင်းလုံခြုံရေး ကာကွယ်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အကြီးအကျယ် ရင်ဆိုင်နေတဲ့အကြောင်း ပြောဆိုသတိပေးသွားပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ ရေကြောင်းလုံခြုံရေး စီမံချက်အတွက် အမေရိကန် ဒေါ်လာ သန်း ၁၈၀ ကျော် ရံပုံငွေ သုံးစွဲမယ့် အစီအစဉ်ကိုလည်း အစည်းအဝေးဖွင့်ပွဲမှာ ကြေညာသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG