သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 တရုတ်စစ်တပ်အသုံးစရိတ် ၇ ရာခိုင်နှုန်းကျော်တိုး


တရုတ်သမ္မတ ရှီကျင့်ပင်
တရုတ်သမ္မတ ရှီကျင့်ပင်

တရုတ်နိုင်ငံက သူ့ရဲ့ စစ်အသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးမဲ့အကြောင်း မနေ့ အင်္ဂါနေ့မှာ ကြေညာပါတယ်။ သမ္မတ Xi Jinping သမ္မတတာဝန် ယူခဲ့တဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်တာအတွင်း စစ်အသုံးစရိတ် နှစ်ဆကျော် တိုးလာတာဖြစ်သလို ထိုင်ဝမ်နဲ့ ပတ်သက်လို့ တရုတ်ဘက်က အတင်းမာဆုံး ရပ်တည်ချက်ကို ပြသနေချိန် အခုလို စစ်အသုံးစရိတ် တိုးမြှင့်လိုက်တာပါ။

၂၀၁၃ ခုနှစ် Xi Jinping သမ္မတတာဝန် စယူခဲ့တဲ့အချိန်မှာ စစ်အသုံးစရိတ် ဘီလျံ ၁၀၀ ပဲ ရှိခဲ့ပြီး အခု ဘီလျံ ၂၃၀ အထိ ရောက်လာတာပါ။

တိုးမြှင့်လိုက်တဲ့ စစ်အသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်က အစိုးရ အသုံးစရိတ်မှာ တင်ပြချက်နဲ့ ဒီနှစ် တရုတ်နိုင်ငံ စီးပွားရေး ဖွံဖြိုးမှု ကြိုတင်ခန့်မှန်းချက် ၅ ရာခိုင်နှုန်းကျော်ထက် သာလွန်နေပါတယ်။ တရုတ်စစ်တပ်ဟာ ခေတ်မီအောင်တည်ဆောက်ရေး စီမံချက်ကို ၂၀၃၅ ခုနှစ်မှာ အပြီးသတ် အကောင်အထည်ဖေါ်ပြီး ၂၀၄၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်မီ စစ်တပ်အဖြစ် တည်ဆောက်နိုင်ဖို့ ကြိုးစား‌နေပါတယ်။

ထိုင်ဝမ်နဲ့ ပတ်သက်လို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ အသုံးအနှုန်းကို မသုံးတော့ဘဲ ထိုင်ဝမ် လွတ်လပ်ရေးကို လုံးဝလက်ခံမှာ မဟုတ်တဲ့အကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုလာသလို ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလှုပ်ရှားမှုတွေလည်း ဒီနှစ်ပိုင်းတွေမှာ တိုးပြီး လုပ်ဆောင်လာနေပါတယ်။

 တရုတ်စစ်တပ်အသုံးစရိတ် ၇ ရာခိုင်နှုန်းကျော်တိုး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG