သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံ ဖြစ်ထွန်းရေးဆွေးနွေးကြဖို့ အိန္ဒိယ တိုက်တွန်း


အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြား ဆက်သွယ်ထားတဲ့ နယ်စပ်တံတားကို ဖြတ်ပြီး စစ်ဘေးရှောင်ကြတဲ့ မြန်မာနိုင်ငံသားများ (REUTERS)
အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြား ဆက်သွယ်ထားတဲ့ နယ်စပ်တံတားကို ဖြတ်ပြီး စစ်ဘေးရှောင်ကြတဲ့ မြန်မာနိုင်ငံသားများ (REUTERS)

မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ် ရှိစေချင်တဲ့အတွက် ဘက်အားလုံးက တိုက်ခိုက်မှုတွေ ရပ်ဆိုင်းကြဖို့အပြင် အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ ၊ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာအောင် အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ကြဖို့ အိန္ဒိယနိုင်ငံခြားရေးဌာနက သောကြာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခြေနေဟာ အတိမ်းအစောင်းမခံ ဖြစ်နေတဲ့အတွက် စိုးရိမ်ရဆဲ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရ ရန်ဒါဂျာအစ္စဝါလ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ လုံခြုံရေးအခြေနေ သိပ်ဆိုးဝါးနေတဲ့အတွက် အိန္ဒိယနိုင်ငံသားတွေ ရခိုင်ပြည်နယ်ကို မသွားကြဖို့၊ ရောက်နေရင်လည်း အမြန်ပြန်လာကြဖို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ထပ်မံ သတိပေးလိုက်ပါတယ်။

ဖေဖေါ်ဝါရီလတုန်းကလည်း လုံခြုံရေးအခြေနေ ဆိုးဝါးနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကို အိန္ဒိယနိုင်ငံသားတွေ ခရီးမသွားကြဖို့ အိန္ဒိယအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ဒေသတွင်း တယ်လီဖုန်းဆက်သွယ်ရေး မကောင်းသလို အခြေခံစ ားသုံးကုန်တွေပါ ဆိုးဆိုးဝါးဝါး ပြတ်လပ်နေပြီး လုံခြုံရေးအခြေနေက သိပ်ဆိုးနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

မနှစ်က အောက်တိုဘာလမှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွါးလာပြီး AA က မြို့ရွာတွေ စစ်တပ်အခြေစိုက် စခန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့တာပါ။ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်တာနဲ့အမျှ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလာဒက်ရှ် နိုင်ငံတွေဘက် ထွက်ပြေးခိုလှုံတဲ့ ဒေသခံတွေလည်း ပိုများလာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG