သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာဆိုင်ရာ အာဆီယံအထူးသံနဲ့ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အလောင်ကီအို ကစ်တီဟွန်း (Alounkeo Kittikhoun)နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နယူးဒေလီမြို့မှာ တွေ့ဆုံ (Photo: Jaishankar's X media)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အလောင်ကီအို ကစ်တီဟွန်း (Alounkeo Kittikhoun)နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နယူးဒေလီမြို့မှာ တွေ့ဆုံ (Photo: Jaishankar's X media)

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar ဟာ သောကြာနေ့က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အလောင်ကီအို ကစ်တီဟွန်း (Alounkeo Kittikhoun)နဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံကာ မြန်မာ့နိုင်ငံရဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

လာအို ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကစ်တီဟွန်းနဲ့ Jaishankar တို့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေနဲ့ သူ့အိမ်နီးချင်း နိုင်ငံတွေအပေါ် ရိုက်ခတ်မှုတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပြီး ဒီဆွေးနွေးမှုဟာ ပွင့်လင်းပြီး အသုံးဝင်ကြောင်းအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက လူမှုမီဒီယာ X မှာ ရေးပါတယ်။


နယ်စပ်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံအများအပြား နယ်စပ်ကျော်ဖြတ်ပြီး မီဇိုရမ် ပြည်နယ်ထဲ ဝင်ရောက် ခိုလှုံနေကြသလို မကြာသေးခင်က ရခိုင်ဘက်က တိုက်ပွဲတွေကြောင့် အိန္ဒိယအစိုးရက သူ့ နိုင်ငံသားတွေ မြန်မာနိုင်ငံတွင်း ခရီးသွားမှုကို သတိပေးချက် ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံကနေ ထွက်ခွါဖို့ နှိုးဆော်ထားတာပါ။

အိန္ဒိယအနေနဲ့ မြန်မာ နိုင်ငံတည်ငြိမ်မှုရှိဖို့ လိုလားကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းရေးအတွက် ဆွေးနွေးကြစေချင်ကြောင်းလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေသလို ပြီးခဲ့တဲ့ အောက်တိုဘာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုဟာ ၂၀၂၁ မှာ အာဏာသိမ်းထားတဲ့ စစ်တပ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် သုံးသပ်ကြပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာဆိုင်ရာ အာဆီယံအထူးသံနဲ့ ဆွေးနွေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG