သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မြန်မာစစ်ကောင်စီပယ်ချ


ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံ
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ထုတ်ပြန်တဲ့ မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အခြေအမြစ်မရှိ တဖက်သပ်စွပ်စွဲချက်တွေဆိုပြီး မြန်မာစစ်ကောင်စီဘက်က ပယ်ချပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို မကြာခင်က ခန့်အပ်ခဲ့ရာမှာလည်း သူတို့ကို တရားဝင် ဆက်သွယ် အသိပေးတာမျိုး မရှိခဲ့ဘူးလို့လည်း မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဌာနက ဧပြီ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အေအက်ပီ သတင်းတရပ်မှာတော့ အတိုက်အခံနဲ့ ဆွေးနွေးညှိုနှိုင်းဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေက ကြိုးပမ်းနေတာတွေအပေါ် စစ်ကောင်စီဘက်က ဒေါတတကြီးတုံ့ပြန်ခဲ့တယ်လို့ ရေးသားဖော်ပြပါတယ်။ စစ်ကောင်စီဖက်ကတော့ နိုင်ငံတွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်မယ်လို့ဆိုပေမယ့်လည်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF ပြည့်သူကာကွယ်ရေးတပ်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြုံးဝါးထားတာပါ။

မြန်မာနိုင်ငံတွင်း ဆိုးဆိုးဝါးဝါး စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးခဲ့ကြပါတယ်။ ပြည်တွင်းစစ်မှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီ မရောင်းချဖို့အတွက်လည်း ကုလ လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်မှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။

လူသားချင်း စာနာထောက်ထားရေး အကူအညီတွေအပေါ် စစ်ကောင်စီက ထိန်းချုပ်ထားတာကြောင့် စစ်ပြေးဒုက္ခသည် ၂.၅ သန်း ရဲ့အခြေအနေကို ပိုဆိုးဝါးစေတယ်လို့လည်း ကုလ လူ့အခွင့်အရေးကောင်စီက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Forum

XS
SM
MD
LG