သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ထောင်ကနေပြောင်းရွှေ့


DASSK (ဓာတ်ပုံ - Myanmar State Counsellor Office)
DASSK (ဓာတ်ပုံ - Myanmar State Counsellor Office)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်တန်းခေါင်းဆောင်တွေကို ထောင်ကနေ ပြောင်းရွှေ့လိုက်ပါတယ်။ နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်မှာ ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြောင်းရွှေ့လိုက်ကြောင်း သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဗွီအိုအေကို အတည်ပြုပြောပါတယ်။

"သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိစ္စနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီအကျဉ်းထောင်တွေမှာ ရာသီဥတုအခြေအနေအရ အပူချိန်ပြင်းထန်နေတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သတ်ပြီး သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှမဟုတ်ပါဘူး၊ ကျန်းမာရေးအရလိုအပ်တဲ့အကျဉ်းသားများ၊ အသက်ကြီးနေတဲ့အကျဉ်းသားများနဲ့ပတ်သတ်ပြီး အပူဒဏ်သက်သာစေရေးအတွက် နည်းလမ်းများနဲ့ ရှာဖွေပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါတယ်။"

မြန်မာ့ရိုးရာ နှစ်သစ်ကူးကာလတွေမှာ အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုး လုပ်လေ့ရှိတတ်တဲ့ အချိန်မှာ အခုလို သတင်းထွက်ပေါ်လာတာပါ။ စစ်ကောင်စီ လက်ထက်မှာ အကျဉ်းသားထောင်ချီ လွှတ်ပေးတာတွေလည်း ရှိခဲ့ဖူးပေမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူတွေကတော့ အနည်းအကျဉ်းလောက်သာ ပါဝင်လေ့ရှိပါတယ်။ ဒီနှစ် နှစ်ဆန်း ၁ ရက်နေ့မှာလည်း အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ရှိကြောင်း စစ်ကောင်စီပြောခွင့်ရက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ထောင်ကနေပြောင်းရွှေ့
please wait

No media source currently available

0:00 0:00:40 0:00
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ထောင်ကနေပြောင်းရွှေ့
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG