သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အိမ် လေလံဆွဲသူမရှိ


ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ လေလံပွဲမြင်ကွင်း (မတ် ၂၀၊ ၂၀၂၄)
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ လေလံပွဲမြင်ကွင်း (မတ် ၂၀၊ ၂၀၂၄)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်ရဲ့ အိမ်ကို ဒီနေ့ မတ်လ ၂၀ ရက်နေ့က လေလံတင်ရောင်းချခဲ့တာမှာ လေလံဆွဲသူ မရှိတဲ့အတွက် လေလံပွဲ မအောင်မြင်ခဲ့ပါဘူး။

လေလံကြမ်းခင်းဈေးကို မြန်မာကျပ်ငွေ ၃၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၀ ဝန်းကျင်) နဲ့ လေလံပွဲကို စခဲ့ပေမဲ့ လေလံဆွဲမယ့်သူမရှိတဲ့အတွက် လေလံပွဲမအောင်မြင်ကြောင်းကို လေလံ စီမံခန့်ခွဲတဲ့ ဘိလစ်အရာရှိက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံရှေ့မှာပဲ ကြေညာခဲ့တာပါ။

""လေလံကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း တိတိိနဲ့ လေလံတင်ရောင်းချနေပါတယ်။ ဝယ်ယူမဲ့သူရှိပါသလား။" ကမာရွတ်ခရိုင်တရားရုံး လေလံအရာရှိ က မောင်းတီးကြေညာပြီး လေလံဈေးပေးမဲ့သူမရှိတာကြောင့် "လေလံတင်ရောင်းချတာ ဝယ်ယူမဲ့သူမရှိတာကြောင့် လေလံရောင်းချခြင်းမအောင်မြင်ကြောင်းကြေညာပါတယ်ရှင်"

လေလံဆွဲဝယ်မယ့်သူမရှိတဲ့အတွက် အခုတကြိမ် ကျင်းပတဲ့ လေလံပွဲ ပြီးဆုံးခဲ့ပြီး နောက်ထပ်လေလံပွဲကို ထပ်လုပ်သွားမယ်လို့ ပြောပေမဲ့ ဘယ်နေ့မှာ ထပ်လုပ်မယ်ဆိုတာကိုတော့ အသေးစိတ် ပြောဆိုသွားခြင်း မရှိပါဘူး။ ဒီခြံဟာ အကျယ်အဝန်းအားဖြင့် ၂ ဧက နီးပါး ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ခြံအမှတ် ၅၄ ခြံထဲမှာရှိတဲ့ အဆောက်အအုံတွေကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် မည်သူတဦးတယောက်မှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်ဖို့ကို တားမြစ်ထားပါတယ်။

ဒေါ်အောင်ဆန်းကြည်ရဲ့ နေအိမ်ဟာ အမေရိကန်သမ္မတဟောင်း အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဟီလာရီကလင်တန် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အိမ်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG