သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံတင်မိန့် ပြင်ဆင်မှုမရှိသေး


ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် အမှတ် ၅၄ ကို မနက်ဖြန် မတ်လ ၂၀ ရက်မှာ လေလံတင်ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်ထားပြီး ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ပြင်ဆင်ပေးဖို့ တင်ပြထားပေမဲ့ အခုအချိန်အထိ စစ်ကောင်စီဘက်က တစုံတရာ ‌ပြောဆိုချက် ထွက်မလာသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော်) နဲ့ လေလံတင်မယ့် အကြောင်း ကမာရွတ်မြို့နယ် တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အမိန့် ချမှတ်ခဲ့တာပါ။ တကယ်လို့ လေလံတင်ရောင်းချမယ်ဆိုရင် လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လေလံကြမ်းခင်းစျေး ကို ပထမဆုံးတင်ပြရမှာ ဖြစ်ပေမဲ့ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ တရားဝင် တွေ့ဆုံခွင့် မရသလို၊ လေလံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သိပုံ မရတဲ့အကြောင်း နီးစပ်သူတွေက VOA ကို ပြောပါတယ်။

NUG အမျိုးသားညီညွတ်ရေး အစိုးရကတော့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် အမှတ် ၅၄ ကို သမိုင်းဝင် အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အကြောင်းနဲ့ လွှဲပြောင်းရောင်းချတာတွေကို အရေးယူမယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေရှိနေတာကြောင့် ဒီအိမ်ကို သမိုင်းဝင် အမွေအနှစ်နေရာအဖြစ် မကျန်ခဲ့အောင်ဖျောက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG