သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်−တရုတ် ကာကွယ်ရေးဝန်ကြီး ၂ ဦး ကမ္ဘာ့လုံခြုံရေးဆွေးနွေး

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတို့ အင်္ဂါနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြပြီး ဒါဟာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှစ်ဦးကြား ၁၇ လ နီးပါးအတွင်း ပထမဆုံး ဆွေးနွေးမှု ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Austin နဲ့ တရုတ် ရေတပ် ဗိုလ်ချုပ်ကြီး Dong Jun တို့ ဟာ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အရေးကနေ မြောက်ကိုရီးယားရဲ့ ရန်စောင်မှုအထိ ကမ္ဘာ့လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း၊ အမေရိကန် စစ်ဌာနချုပ် ပန်တဂွန်က ပြောပါတယ်။

အထူးသဖြင့် တောင်တရုတ်ပင်လယ်ပြင် အပါအဝင် နိုင်ငံတကာ ရေပိုင်နက်တွေမှာ နိုင်ငံတကာဥပဒေ အရ အာမခံထားတဲ့ လွတ်လပ်စွာ ခုတ်မောင်း သွားလာခွင့်ကို လေးစားဖို့ အရေးကြီးကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Austin က အလေးထား ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ပြင် သွားလာခွင့်ကို ထိန်းချုပ်လိုတဲ့ ဆန္ဒရှိနေသလို လိုအပ်ရင် အင်အားသုံးပြီး ထိုင်ဝမ်ကိုလည်း သိမ်းသွင်းလိုနေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ် ကျင့်သုံးနေတဲ့ ထိုင်ဝမ်ကို တိုက်ခိုက်မှုကနေ အမေရိကန်တပ်ဖွဲ့တွေက ကာကွယ်ပေးမယ်လို့ သမ္မတ Joe Biden က ပြောဆိုထားပါတယ်။

ကန်−တရုတ် ကာကွယ်ရေးဝန်ကြီး ၂ ဦး ကမ္ဘာ့လုံခြုံရေးဆွေးနွေး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG