သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာမိတ်တပ်များရှိမှုအဆုံးသတ်ရေး ကန်-အီရတ်ဆွေးနွေးမှု ပြန်စတင်


အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin

အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်တွေ အီရတ်ကနေ အပြီးတိုင်ထွက်ခွါဖို့ ဆွေးနွေးပွဲတွေဟာ အစ္စရေး -ဟာမတ်စ် စစ်ပွဲကြောင့် ရပ်ဆိုင်းထားရပြီး အခုတော့ အမေရိကန်နဲ့ အီရတ်တို့ဟာ ဒီဆွေးနွေးပွဲကို ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဒီဆွေးနွေးပွဲတွေကို လာမယ့်ရက်ပိုင်းအတွင်း ပြန်လည်စတင်မှာဖြစ်ကြောင်း ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လမှာ အမေရိကန်နဲ့အီရတ် နှစ်နိုင်ငံဆွေးနွေးပြောဆိုဖို့လုပ်ဆောင်မှုကနေ အီရတ်အစိုးရရဲ့ အီရတ်နဲ့ဆီးရီးယားက IS စစ်သွေးကြွနှိမ်နင်းရေး အောင်မြင်စေမယ့် နှစ်နိုင်ငံဆက်ဆံရေးကို ထူထောင်နိုင်ခဲ့တယ်လို့လည်း ဝန်ကြီး Austin ကပြောပါတယ်။

အီရတ်အစိုးရရဲ့ ဖိတ်ကြားမှုနဲ့ အီရတ်ကိုရောက်နေတဲ့ အမေရိကန်တပ်သားတွေဟာ OIR စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ်နဲ့ အီရတ်လုံခြုံရေးတပ်တွေရဲ့ IS ချေမှုန်းရေးမှာ အကြံဉာဏ်နဲ့ အကူအညီ ပေးရေးလုပ်ဆောင်နေသလို အီရတ်တည်ငြိမ်၊ လုံခြုံရေးနဲ့ အချုပ်အချာ အာဏာပိုင်ရေးအတွက် အမေရိကန်က ဆက်လက်လုပ်ဆောင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။ အီရတ်မှာ အမေရိကန်တပ်သား ၂,၅၀၀ လောက်ရှိနေပြီး IS စစ်သွေးကြွလက်ကျန်ရှင်းလင်းရေးလုပ်နေတဲ့ အီရတ်လုံခြုံရေးတွေကို အကြံဉာဏ်နဲ့ အကူညီတွေ ပေးနေဆဲ ဖြစ်ပါတယ်။

အီရတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အခုပြုလုပ်မယ့် ဆွေးနွေးပွဲတွေဟာ အီရတ်မှာ အမေရိကန် တပ်သား ထားရှိမှုကို တဖြေးဖြေး လျှော့ချဖို့ ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာမဟာမိတ်တပ်တွေ အီရတ်မှာကျန်ရှိမယ့်အရေအတွက်နဲ့ အချိန်ကာလအတွက် တိကျရှင်းလင်းတဲ့ အချိန်ဇယားချ ဆွေးနွေးမှာဖြစ်ကြောင်း ပြောပါတယ်။

အီရန်ကထောက်ပံ့နေတဲ့ အီရတ်မှာရှိတဲ့ IS စစ်သွေးကြွကိုချေမှုန်းတဲ့တိုက်ခိုက်မှုတွေကို အမေရိကန်တပ်တွေ လုပ်ဆောင်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန် - အီရတ် အဆင့်မြင့် အရာရှိကြီးများရဲ့ ဆွေးနွေးပွဲကို မကြာခင်ရက်ပိုင်းအတွင်း ပြုလုပ်မှာဖြစ်ကြောင်းကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG