သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်နိုင်ငံတွင်း IS ချေမှုန်းရေးမှာ ကန်တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်တော့မည်မဟုတ်


U.S. soldiers stand guard during the hand over ceremony of Qayyarah Airfield, Iraqi Security Forces, in the south of Mosul, Iraq early Friday, March 27, 2020. Iraq's military on Thursday said at least two rockets hit inside Baghdad's heavily…
U.S. soldiers stand guard during the hand over ceremony of Qayyarah Airfield, Iraqi Security Forces, in the south of Mosul, Iraq early Friday, March 27, 2020. Iraq's military on Thursday said at least two rockets hit inside Baghdad's heavily…

အီရတ်နိုင်ငံတွင်း IS ချေမှုန်းရေးမှာ ကန်တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်တော့မည်မဟုတ်

{{Zawgyi/Unicode}}

အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ Islamist State IS အကြမ်းဖက်အဖွဲ့တွေကို ဦးဆောင်တိုက်ခိုက်ဖို့တာဝန်ကို အမေရိကန်နဲ့ မဟာမိတ်တွေထံကနေ အီရတ်တပ်ဖွဲ့တွေက လွဲှပြောင်းယူ လိုက်ပြီဖြစ်တယ်လို့ ကြာသာပတေးနေ့မှာ အီရတ်တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။

မဟာမိတ်တပ်ဖွဲ့တွေဟာ လိုအပ်တဲ့ကူညီထောက်ပံမှုတွေနဲ့ အကြံဉာဏ်ပေးတဲ့ အဆင့်မှာ ဆက်လက်ရှိမှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ အီရတ်လုံခြုံရေးတပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ် Saad Maan ကပြောဆိုပါတယ်။

အီရတ်တပ်ဖွဲ့တွေဟာ IS တွေကို နှိမ်နင်းနိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာကိုပြသနိုင်ခဲ့ပြီး၊ တာဝန်လွှဲပြောင်းယူဖို့သင့်တော်တဲ့အချိန်လည်းဖြစ်တယ်လို့ အမေရိကန်မဟာမိတ်တပ်တွေနဲ့ ပူးတွဲစစ်ဆင်ရေးတပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Abdul Amir al Shammari ကလည်း ကြေညာချက်တစောင်ထုတ်ပြန်ပြောဆိုပါတယ်။

အခုလို အီရတ်နိုင်ငံမှာ အမေရိကန်တပ်တွေရဲ့ စစ်ဆင်ရေးတွေရပ်ဆိုင်းဖို့ အစီအစဉ်ကို အီရတ် ဝန်ကြီးချုပ် Mustafa al Kadhimi နဲ့ အမေရိကန်သမတ ဂျိုးဘိုင်ဒင် Joe Biden တို့ ပြီးခဲ့တဲ့ ဇူလိုင်လ သမတအိမ်ဖြူတော်မှာတွေ့ဆုံဆွေးနွေးပွဲပြီးနောက်ကြေညာခဲ့တာပါ။

အခုနောက်ဆုံး အီရတ်မှာ အမေရိကန်စစ်သား ၂၅၀၀ လောက်သာရှိတော့တယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ John Kirby က သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလထဲက IS ရဲ့အဓိကခေါင်းဆောင် Sami Jasim Muhammad al Jaburi ကိုဖမ်းဆီးနိုင်ခဲ့တာ အပါအဝင် အဓိကကျတဲ့အောင်မြင်မှု တချို့ကို အီရတ်တပ်ဖွဲ့တွေက လုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန်နဲ့ အနောက်တိုင်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

Iraq US
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်


.....................................

{{Unicode}}






XS
SM
MD
LG