သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ရခိုင်ဒုက္ခသည်စခန်းတွေမှာ သေဆုံးမှုတချို့ရှိ


ရခိုင်ပြည်နယ်မှာ သောက်သုံးရေရှားပါးမှု ပိုမိုရင်ဆိုင်နေရ
ရခိုင်ပြည်နယ်မှာ သောက်သုံးရေရှားပါးမှု ပိုမိုရင်ဆိုင်နေရ

သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေရှိရာ ရခိုင်ပြည်နယ်မှာ သောက်သုံးရေရှားပါးမှုကြောင့် နောက်ဆက်တွဲ ရောဂါတွေ ရင်ဆိုင်နေရပြီး၊ သေဆုံး၊ နာမကျန်းသူတွေ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ ဒုက္ခသည်တွေ တိုးလာနေသလို သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိနေတာပါ။ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်က ကျေးလက်ဒေတချို့မှာ နွေရာသီရောက်ပြီဆိုရင် နှစ်စဉ်သောက်သုံး ရေ ရှားပါး မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာတော့ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရေတွင်းရေကန်တွေ ပျက်စီးသွားတာကြောင့် ရေရှားပါးမှုဒဏ်ကို ပြီးခဲ့တဲ့ နှစ်တွေကထက်ပိုပြီးတော့ ရင်ဆိုင်နေကြရတာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၄၉ ရွာမှာ သောက်ရေကန်တွေဟာ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းကတည်းက ခမ်းခြောက်နေတာကြောင့် သောက်သုံးရေတွေ အခက်အခဲဖြစ်နေတယ်လို့ ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာက စစ်ဘေးဒုက္ခသည်စခန်း မှာဆိုရင်လည်း ပြီးခဲ့တဲ့လကတည်းက သောက်သုံးရေရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ချောင်းအတွင်း က ဆားငံရည်တွေကို အသုံးပြုနေရတယ်လို့ အထက်မြတ်လှဲစစ်ဘေးဒုက္ခသည် စခန်းတာဝန်ခံ ကိုအောင်မြင့်ကပြောပါတယ်။

“ ရေခက်ခဲတာကတော့ အဓိက ပြောရမယ်ဆိုရင် ချိုးတဲ့ ရေလည်း အဆင်မပြေဘူး၊ ကျနော် တို့ ချောင်းရေပဲ ချိုးရတယ်၊ ချောင်းရေကဘယ်လိုလဲဆိုတော့ ဆားငံတယ်ပေါ့ ပြောရမယ်ဆို ရင်။ အဲဒီဆားငံရေ ချိုးရတော့ မဖြစ်သင့်တဲ့ ရောဂါတွေ ဖြစ်တယ်။ ယားနာတွေ ပေါက်ကြတယ်၊ကျောက်ဖြူဖုလေးတွေ ပေါက်ကြတယ်ကလေးတွေမှာ။”

အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ စစ်ဘေးဒုက္ခသည် ရဝဝကျော်အထိနေထိုင်ကြတာပါ။ အခုလို မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာကြောင့့် ဒုက္ခသည်စခန်းအတွင်း အရေပြားနဲ့ ဝမ်းရောဂါဖြစ်ပွားတာတွေ ရှိနေပြီး သေဆုံးတာတွေလည်းရှိတယ်လို့ သူကဆက် ပြောပါတယ်။

“ရေနဲ့ ပတ်သတ်ပြီးတော့ ဝမ်းပျက်ဝမ်းလျောတွေ ကြုံနေရတယ်၊ ဝမ်းပျက်ဝမ်းလျှောကြောင့် သေတဲ့သူတွေလည်းရှိတယ်၊ သေသွားတာကတော့ ကျနော်တို့ စစ်ဘေးရှောင်စခန်းပဲဗျာ။ သေသွားတာအခုဆိုရင် ၃ ယောက်လောက်ရှိပြီ၊ အသက်ကတော့ ၇ဝ ကျော် အဘိုးတယောက်၊ ၆၄နှစ် မိန်းမတယောက်၊ နောက် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတယောက် ဝမ်းလျှောတယ်၊ ပြီးရင် အန်တယ်။”

ရခိုင်ပြည်နယ်မှာ ထောင်သောင်းချီတဲ့ နေရပ်စွန့်ခွာသူတွေဟာ ရေရှားပါးမှုဒဏ်ကို ခံနေရပြီး ရောဂါဘယတွေ ထူပြောနိုင်ခြေရှိနေသလို လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေ အဆင်မပြေသေးပေမဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် ဘေးဒဏ်သင့်ဒေသတွေဆီကို သောက်သုံးရေအကူအညီတွေပေးနိုင်ဖို့ နည်းလမ်းရှာနေကြတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UN-OCHA)ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေတခုတည်းခက်ခဲနေတာမျိုးမဟုတ်ပဲ စားနပ်ရိက္ခာတွေလည်းပြတ်တောက်နေတယ်လို့ အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းက အမျိုးသမီးတဦးကပြောပါတယ်။

“ ကျမတို့ မှာ စားဝတ်နေရေးလည်း အဆင်မပြေဘူး ကျန်းမာရေးလည်းအဆင်မပြေဘူး၊ စားနပ်ရိက္ခာထောက်ပံ့မယ်သူတွေလည်းမရောက်ဘူး၊ ဆန်လည်းမရှိဘူး ရေလည်းမရှိဘူး၊ နောက် ငပိတွေ ဆားတွေ မီးဖိုချောင်သုံးတွေလည်း အကုန်လုံး အခက်အခဲရှိပါတယ်။ မထင်းလျောစားနေရတယ်အခု အလုပ်အကို်င်တွေလည်းမရှိဘူး၊ နောက်ပိုက်ဆံတွေ စားနပ်ရိက္ခာထောက်ပံ့သူတွေလည်းမရောက်ဘူးလေ ကျမတို့ဆီမှာ။”

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်နေခဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေ သိန်းနဲ့ချီရှိနေသလို လမ်းပန်းဆက်သွယ် ရေးအခက်အခဲတွေ ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလည်းမရကြဘူးလို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံဦးအောင်မြင့်ကတော့နေ့တာစားဝတ်နေရေးကို သူများဆီးပိုက်ဆံချေးငှားပြီးဖြေရှင်းနေရပေမယ့် အလုပ်အကိုင်လည်းမရှိတာကြောင့် ချေးထားတဲ့ ပိုက်ဆံတွေ ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ မသိဘူးလို့ ပြောပါတယ်။

“ စားနပ်ရိက္ခာပိုင်းကတော့ဗျာ ပြောတောင် မပြောတတ်တော့ဘူး လုံးဝကို အဆင်မပြေတာ ကျနော်ကိုယ်တိုင်ပဲ လူတွေဆီက အတိုးနဲ့ ငွေချေးတယ်ပြီးတော့ ဆန်ဝယ်တယ်။ ဘယ်လိုပြန်ဆပ်ရမလဲဆိုတာလည်း မသိဘူး၊ ဘာအလုပ်တွေ လုပ်ရမလဲဆိုတာလည်း မကျနော်မသိသေးဘူး။”

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မှာ စစ်ဘေးဒုက္ခသည်၃သိန်းကျော်အထိရှိနေသလို ကျန်းမာရေး စားသောက်ရေးအပြင် နေထိုင်ဖို့အတွက်ပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒါ့အပြင် အဆမတန်မြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေကြား စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံပြည် သူတွေဟာ တနေ့တာစားဝတ်နေရေးအတွက် စိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG