သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဌာနေပြန်ပို့ရေး UNHCR နဲ့ ဘင်္ဂလာဒေ့ရှ် ဆွေးနွေး


ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတခု။
ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတခု။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ သက်မွေးပညာသင်တန်းတွေအပါအဝင်၊ ပညာရေးအစီစဉ်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက အဆိုပြုခဲ့ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်းဖြင့် ဒုက္ခသည်တွေ နေရပ်ပြန်ရောက်တဲ့အခါ အထောက်အကူဖြစ်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့နိုင်ရေး UNHCR ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးအနေနဲ့ အိန္ဒိယနဲ့ တရုတ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahumud က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ UNHCR ကိုယ်စားလှယ် Sumbul Rizvi နဲ့ တွေ့ဆုံအပြီး မေလ ၁၆ ရက်နေ့မှာပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ရာစုနှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ပြန်ပို့ရေးကိစ္စအတွက် ထိရောက်တဲ့ နိုင်ငံတကာဖိအားပေးတဲ့ နည်းကလွဲရင် အခြားနည်းလမ်း မရှိတော့ဘူးလို့လည်း ဝန်ကြီး Hasan Mahumud ကပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ UNHCR တာဝန်ရှိသူတို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ကိစ္စတွေ အပါအဝင်၊ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခအခြေအနေတွေကိုပါ ဆွေးနွေး သတင်းဖလှယ်ခဲ့ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ သက်မွေးပညာ သင်တန်းတွေအပါအဝင်၊ ပညာရေးအစီစဉ်တွေ အတွက်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက အဆိုပြု တင်ပြခဲ့ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်းဖြင့် ဒုက္ခသည်တွေ နေရပ်ပြန်ရောက်တဲ့အခါ အထောက်အကူဖြစ်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahumud ကပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhasan Char ကျွန်းကို ရိုဟင်ဂျာတွေ ခုထက်ပို ရွှေပြောင်းနေရာချထားပေးဖို့နဲ့ အဲဒီကျွန်းက အဆောက်အဦးတွေအတွက် ပုံမှန်ပြုပြင် ထိန်းသိမ်းရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ရိုဟင်ဂျာဌာနေပြန်ပို့ရေး UNHCR နဲ့ ဘင်္ဂလာဒေ့ရှ် ဆွေးနွေး
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG