သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ ကြက်ငှက်တုပ်ကွေး ဖြစ်ပွား


ကျင်ဟိုင်းပြည်နယ်ရဲ့ မြို့နယ် ၂ ခုမှာ H5 တုပ်ကွေးဖြစ်ပွါးမှု ၂၇၅ ခုရှိကြောင်း အတည်ပြုခဲ့တာဖြစ်ပြီး ဒီရောဂါပိုးကို သေဆုံးသွားတဲ့ ဇင်ယော်နဲ့ တခြား တောရိုင်းငှက်တွေမှာ တွေ့ရတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန website မှာ သတိပေးချက် ထုတ်ပြန်ထားတာပါ။

အမေရိကန်ပြည်ထောင်စုက နွားမွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုကြောင့် စိုးရိမ်လာနေကြချိန်မှာပဲ တရုတ်နိုင်ငံ အနောက်ပိုင်းမှာ တောဘဲငန်းတွေ ကြက်ငှက်တုပ်ကွေး ဖြစ်ပွါးနေတယ်လို့ တရုတ်အစိုးရ စိုက်ပျိုးရေးနဲ့ ကျေးလက်ရေးရာ ဝန်ကြီးဌာနက စနေေနေ့မှာ အတည်ပြုပါတယ်။

ကျင်ဟိုင်းပြည်နယ်ရဲ့ မြို့နယ် ၂ ခုမှာ H5 တုပ်ကွေးဖြစ်ပွါးမှု ၂၇၅ ခုရှိကြောင်း အတည်ပြုခဲ့တာဖြစ်ပြီး ဒီရောဂါပိုးကို သေဆုံးသွားတဲ့ ဇင်ယော်နဲ့ တခြား တောရိုင်းငှက်တွေမှာ တွေ့ရတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန website မှာ သတိပေးချက် ထုတ်ပြန်ထားတာပါ။

တရုတ်အစိုးရ တိရိစ္ဆာန်ရောဂါဖြစ်ပွါးမှု ထိန်းချုပ်ရေး ဗဟိုဌာနနဲ့ လေကနေ ကူးစက်တဲ့ တုပ်ကွေးရောဂါဆိုင်ရာ ဓါတ်ခွဲခန်းတွေကနေ အခုလို ကြက်ငှက်တုပ်ကွေး ဖြစ်ပွါးမှုရှိကြောင်း အစီရင်ခံစာတွေ ရရှိခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

အမေရိကန်နိုင်ငံ ပြည်နယ် အနည်းဆုံး ၉ ခုမှာ မတ်လနှောင်းပိုင်းက စပြီး နို့စား နွားမွေးမြူရေးခြံတွေမှာ H5N1 ငှက်တုပ်ကွေးပိုး ကူးစက်မှုရှိလာတာဖြစ်ပြီး လူတွေကို ကူးစက်မှာစိုးရိမ်ကြပေမယ့် ခုချိန်ထိတော့ လူကို ကူးစက်တာ မတွေ့ရသေးပါဘူး။

ဒီကြက်ငှက် တုပ်ကွေးဖြစ်ပွါးမှုအတွက် ဒေါ်လာ သန်း ၂၀၀ လောက် အကုန်ကျခံ တိုက်ဖျက်မှာဖြစ်ကြောင်း မေလ ၁၁ ရက်နေ့မှာ အစိုးရကကြေညာခဲ့တာပါ။ စနေနေ့မှာပဲ စိုက်ပျိုးရေးဝန်ကြီးကို လဘ်ယူမှုနဲ့ စုံစမ်းစစ်ဆေးမှာ ဖြစ်ကြောင်း တရုတ်အစိုးရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Forum

XS
SM
MD
LG