သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး တိုက်ပွဲတွေကြောင့် ကြန့်ကြာ (မြန်မာသံအမတ်ကြီး)


ဘင်္ဂလားဒေရှ်နိုင်ငံ ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း
ဘင်္ဂလားဒေရှ်နိုင်ငံ ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နှောင့်နှေး ကြန့်ကြာနေရတာဟာ လတ်တလော ကြုံနေရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်လို့ မကြာခင် တာဝန်အဆုံးသတ်တော့မယ် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud ကတော့ နိုင်ငံသားအခွင့်အရေးနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးကသာ ရိုဟင်ဂျာအရေး အပြီးသတ်အဖြေ ဖြစ်လိမ့်မယ်လို့ ဒီနေ့ပဲ ပြောခဲ့တာပါ။

ရိုဟင်ဂျာအကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းရာမှာ အိန္ဒိယနိုင်ငံတဲ့အတူ တရုတ်နိုင်ငံကပါ ပါဝင်ဖို့ လိုအပ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားသတင်းထောက်များ အသင်း ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ လုပ်တဲ့ ရိုဟင်ဂျာအကျပ်အတည်းဆိုင်ရာ နှီးနှော ဖလှယ်ပွဲမှာ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးအတွက် အထောက်အကူတွေ ဖန်တီးပေးနေတာ၊ ရိုဟင်ဂျာ အချို့ကို တတိယနိုင်ငံတွေဆီ ပို့ဆောင်ပေးတဲ့အတွက် သူတို့ကြားမှာ တလွဲမျှော်လင့်ချက်တွေ ဖြစ်လာနိုင်တဲ့အတွက် ဒါဟာ အကျပ်အတည်းတွေကို ဖြေရှင်းရာ မရောက်ဘူးလို့လည်း သတိပေးပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ကြပြီး၊ ဒီလူတွေ နေရပ်ပြန်နိုင်ရေး မြန်မာအာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သဘောတူထားပေမဲ့ လက်တွေ့ အခုအချိန်အထိ အကောင်အတည် မဖော်နိုင်ပဲ ဖြစ်နေပါတယ်။

Forum

XS
SM
MD
LG