သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဖာမြို့ စစ်ဆင်ရေး အရှိန်မြှင့်ဖို့ အစ္စရေးပြင်ဆင်

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant

အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်တောင်ပိုင်း Rafah မြို့က မြေပြင် စစ်ဆင်ရေးတွေကို တိုးမြင့် ဆောင်ရွက်သွားဖို့ သန္နဋ္ဌာန်ချထားကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ ဒီကနေ့ တွေ့ဆုံအပြီးမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောကြားလိုက်ပါတယ်။

သူတို့အနေနဲ့ Rafah ကို ခြေလျင်တပ်ဖွဲ့တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဟာ ဟာမတ်စ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ Jake Sullivan ကို သူ့ဘက်က တင်ပြခဲ့ကြောင်း တွေ့ဆုံမှုအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ Gallant ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးရဲ့အခန်းကဏ္ဍ အားကောင်းလာရေးအတွက်လည်း တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

Jake Sullivan ဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပြီး ဟာမတ်စ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာ ဂါဇာမှာရှိတဲ့ အရပ်သားတွေ ထိခိုက် သေဆုံးမှု နည်းစေမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုတွေ များပြားပြီး စာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် Rafah ကို ခြေလျင်တပ်ဖွဲ့တွေ စေလွတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်ဖို့ သမ္မတ Joe Biden ရဲ့ ရပ်တည်ချက်ကို Jake Sullivan က အစ္စရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ထပ်လောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Jake Sullivan နဲ့တွေ့ဆုံစဉ် Rafah က အစ္စရေးရဲ့ စစ်ဆင်ရေးကိစ္စ၊ စာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ ဂါဇာမှာဖမ်းခံထားရတဲ့ ဓားစာခံတွေအရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကြေညာချက်ထုတ်ပြန်ပါတယ်။

This item is part of

Forum

XS
SM
MD
LG