သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိမ်ဖြူတော်ကိုယ်စားလှယ် အစ္စရေးရောက်၊ အပစ်ရပ်ဖို့ ဖိအားပေးဖွယ်ရှိ


 အမေရိကန်သမ္မတအိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးအကြံပေး Jake Sullivan
အမေရိကန်သမ္မတအိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးအကြံပေး Jake Sullivan

ဂါဇာဒေသထဲက ဟာမတ်စ်တို့ကိုသာ ပိုမိုပစ်မှတ်ထားတဲ့ စစ်ဆင်ရေးမျိုးပဲ လုပ်ဖို့ အမေရိကန်သမ္မတအိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးအကြံပေး Jake Sullivan က အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu ကို တနင်္ဂနွေနေ့မှာ ဖိအားပေးပြောဆိုလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဂါဇာကမ်းမြောင်ဒေသထဲ အစ္စရေးလ်တပ်တွေက ဝေဟင်၊ မြေပြင်ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေအတိဒုက္ခရောက်နေကြတာပါ။ ဂါဇာဒေသတောင်ပိုင်း ရာဖာနယ်စပ်မြို့ကို စစ်ဆင်ရေးအပြည့်အဝမလုပ်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရအောင် Sullivan က အစ္စရေးလ်ကို တိုက်တွန်းမယ်လို့လည်း ခန့်မှန်းရတယ်လို့ ဆွေးနွေးပွဲမတိုင်ခင်မှာပဲ သမ္မတအိမ်ဖြူတော်က ပြောဆိုခဲ့တာပါတယ်။

ရာဖာမြို့ကို ဟာမတ်စ်တို့ရဲ့ နောက်ဆုံးအမာခံနယ်မြေအဖြစ် အစ္စရေးလ်တို့ကယူဆထားတာပါ။ ဒါပေမဲ့လည်း ဂါဇာကမ်းမြောင်ဒေသက နေရပ်ပြောင်းရွှေ့နေရတဲ့ ပြည်သူတွေလည်း ရာဖာမြို့မှာ ခိုလှုံနေတာဖြစ်ပါတယ်။ စစ်ဆင်ရေးမစခင် ပြီးခဲ့တဲ့ သီတင်း၂ ပတ်လောက်က ရာဖာမြို့မှာ ပါလက်စတိုင်းပြည်သူ ၁.၄ သန်းလောက်ရှိပါတယ်။ အဲဒီနောက်ပိုင်း ပြေးစရာမြေရယ်လို့ အတိအကျမရှိဘဲ ရာဖာမြို့ကနေ ထွက်ခွါသွားတဲ့လူပေါင်း ၈ သိန်းလောက်ရှိတယ်လို့ ပါလက်စတိုင်း ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ UNRWA က စနေနေ့မှာပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG