သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ချက်ခြင်းအပစ်ရပ်ဖို့ သမ္မတဘိုင်ဒန်တောင်းဆို


Morehouse ကောလိပ်ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်တဲ့ သမ္မတဂျိုးဘိုင်ဒန်။ (မေ ၁၉၊ ၂၀၂၄/Reuters)
Morehouse ကောလိပ်ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်တဲ့ သမ္မတဂျိုးဘိုင်ဒန်။ (မေ ၁၉၊ ၂၀၂၄/Reuters)

အစ္စရေးလ်-ဟာမတ်စ်စစ်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ကျောင်းသားတွေရဲ့ အသံတွေကို ကြားသလို အကြမ်းမဖက်ဆန္ဒထုတ်ဖော်တာကို သူ့အနေနဲ့ထောက်ခံပါတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Morehouse College ဘွဲ့နှင်းသဘင်အခမ်းအနားကိုတက်ရောက်လာတဲ့ ကျောင်းသူကျောင်းသားတွေကို ပြောဆိုသွားပါတယ်။

"ဂါဇာဒေသမှာ လူသားချင်းစာနာမှု အကျပ်အတည်းတွေဆိုက်နေပါတယ်၊ ဒါကြောင့် ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုလိုက်တာပါ။ အပစ်အခတ်ရပ်စဲပြီး ဓားစာခံတွေအိမ်ပြန်ခေါ်လာရမယ်" လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဘွဲ့နှင်းသဘင်မိန့်ခွန်းမှာပြောသွားပါတယ်။

အန္တလန်တာပြည်နယ်၊ ဂျော်ဂျီယာမြို့ Morehouse ကောလိပ်မှာ သမ္မတဘိုင်ဒန်မိန့်ခွန်းပြောနေချိန် ကျောင်းသားတယောက်ကတော့ ကျောပေးပြီးရပ်နေခဲ့ပါတယ်။ သမ္မတဘိုင်ဒန်က ဂါဇာဒေသမှာ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး ဒေသတွင်း ရေရှည်ခံတဲ့ငြိမ်းချမ်းရေးရဖို့ နေ့ညမအား ဆောင်ရွက်နေပါတယ်လို့လည်း ပြောပါတယ်။ အစ္စရေးလ်-ဂါဇာစစ်ပွဲဟာ ကမ္ဘာမှာအခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံးပြဿနာဖြစ်ပြီး ဂါဇာဒေသက စစ်အနိဌာရုံတွေအတွက် ထိခိုက်ကြေကွဲရပါတယ်လို့လည်း တနင်္ဂနွေနေ့မှာ ပြောဆိုသွားပါတယ်။

ဂါဇာစစ်ပွဲအရေး သမ္မတဘိုင်ဒန် ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ Morehouse ကောလိပ်ပညာရေးဝန်ထမ်းတွေကြား ထောက်ခံသူရော၊ ဆန့်ကျင်သူပါရှိနေတာပါ။ ဒါကြောင့်လည်းဘွဲ့နှင်းသဘင်အခမ်းအနားမှာ သမ္မတဘိုင်ဒန် မိန့်ခွန်းပြောမဲ့ကိစ္စနဲ့ပတ်သက်လို့ ကောလိပ်ပညာရေးဝန်ထမ်းတွေကြား မကြေမနပ်ပြောဆိုသံတွေလည်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂါဇာမှာချက်ခြင်းအပစ်ရပ်ဖို့ သမ္မတဘိုင်ဒန်တောင်းဆို
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG