သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဖာမြို့ထိုးစစ်မဆင်ဖို့ ကန်သမ္မတ အစ္စရေးဝန်ကြီးချုပ်ကိုသတိပေး


အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်

ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို ထိုးစစ်မဆင်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တနင်္လာနေ့က အရေးတကြီး သတိပေးလိုက်ပါတယ်။

အစ္စရေးရဲ့ ရာဖာမြို့စစ်ဆင်ရေးနီးလာပုံရလာချိန်မှာ သမ္မတဘိုင်ဒန်နဲ့ ဝန်ကြီးချုပ်နေတန်ယာဟုတို့ ဖုန်းပြောခဲ့ကြတာ နာရီဝက်ကြာခဲ့ပြီး အပြုသဘောဆောင်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းတသိန်းကျော်ကို ရာဖာမြို့ကနေ အစ္စရေးက တနင်္လာနေ့က ပြောင်းရွှေ့ခိုင်းခဲ့ပြီး မြို့အရှေ့ပိုင်းက ပစ်မှတ်တွေကို စတင် တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်တာဝန်ရှိသူတွေကြားမှာ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ နေတန်ယာဟုအနေနဲ့ စစ်ဆင်ရေးကြီးကို အပြည့်အဝ အကောင်အထည် ဖော်လိမ့်မယ်လို့တော့ အမေရိကန်အစိုးရက ယုံကြည်ပုံမရကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတဦးကို ကိုးကားပြီး အေပီသတင်းကဆိုပါတယ်။ ရာဖာကိုတိုက်ရင် အဲဒီမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်ပါလက်စတိုင်းတသန်းကျော်အတွက် အန္တရာယ်ကျရောက်လာမှာကို သမ္မတကမမြင်လိုဘူးလို့ အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်သူ John Kirby က ပြောပါတယ်။

ဟာမတ်စ်လက်ခံတဲ့ အပစ်ရပ်ရေးအဆိုပြုချက်ကို အစ္စရေးတာဝန်ရှိသူတွေ စဥ်းစားနေပေမဲ့ ဂါဇာထိုးစစ်ကို ဆက်လုပ်မယ်လို့ အစ္စရေး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Daniel Hagari က ပြောပါတယ်။

ရာဖာမြို့ထိုးစစ်မဆင်ဖို့ ကန်သမ္မတ အစ္စရေးဝန်ကြီးချုပ်ကိုသတိပေး
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG