သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ယာလန်၊ နော်ဝေ၊ စပိန် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်


ပါလက်စတိုင်းထောက်ခံသူများ ဆန္ဒထုတ်ဖော်နေကြစဉ် (ဆွီဒင်၊ မေ ၁၁၊ ၂၀၂၄)
ပါလက်စတိုင်းထောက်ခံသူများ ဆန္ဒထုတ်ဖော်နေကြစဉ် (ဆွီဒင်၊ မေ ၁၁၊ ၂၀၂၄)

အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်နိုင်ငံတွေဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမယ်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ အစ္စရေး ဟာမတ်စ် စစ်ပွဲဖြစ်ပွားနေတဲ့ ဂါဇာမှာ ငြိမ်းချမ်းရေးရဖို့ဆိုရင် နှစ် ပြည်ထောင်စနစ်နဲ့ ယှဥ်တွဲနေထိုင်ဖို့ လိုအပ်တာကြောင့် အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကာလကြာရှည်ဖြစ်နေတဲ့ ဒီပဋိပက္ခဟာ အခုအချိန်မှာ အဆိုးရွားဆုံး အနေအထားကို ရောက်နေပြီး နှစ်ပေါင်းများစွာအတွင်း အရှေ့အလယ်ပိုင်းဒေသမှာ အခုလို ဆိုးရွားတဲ့ အခြေအနေမျိုးထိ မဆိုက်ရောက်ခဲ့ဖူးဘူးလို့ နော်ဝေ ဝန်ကြီးချုပ် ​Jonas Gahr Store က ပြောပါတယ်။ ၂ နိုင်ငံ ယှဥ်တွဲနေထိုင်မယ့် စနစ်ကို နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း တော်တော်များများက လိုလားကြပြီး ပါလက်စတိုင်းအနေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့လည်း ဒီလအတွင်း ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တခဲနက် ထောက်ခံခဲ့ကြတာပါ။

နော်ဝေဝန်ကြီးချုပ် Jonas Gahr Store
နော်ဝေဝန်ကြီးချုပ် Jonas Gahr Store

စပိန်ဝန်ကြီးချုပ် Pedro Sanchez ကလည်း ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ စာနာထောက်ထားမှုအရ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ပြောပါတယ်။ အိုင်ယာလန် ဝန်ကြီးချုပ် Simon Harris ကတော့ အစ္စရေးအနေနဲ့ အိမ်နီးချင်းတွေနဲ့ လုံခြုံဘေးကင်းပြီး ငြိမ်းချမ်းစွာ ရပ်တည်နေထိုင်နိုင်ရေးကို လုံးလုံးလျားလျား အသိအမှတ်ပြုထားသလို ဂါဇာမှာ ဟာမတ်စ်တွေ ဖမ်းထားတဲ့ ဓါးစာခံတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ၃နိုင်ငံရဲ့ သဘောထားထုတ်ပြန်ချက်ဟာ လာမယ့် မေ ၂၈ မှာ စတင် အသက်ဝင်မှာပါ။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Israel ​Katz ကတော့ အခုလို ကြေညာချက်ကြောင့် အိုင်ယာလန်နဲ့ နော်ဝေက အစ္စရေးသံအမတ်တွေကို ပြန်ခေါ်မယ်ဆိုပြီး ချက်ချင်းပဲ ကြေညာပါတယ်။ ပပါလက်စတိုင်းကို အသိအမှတ်ပြုတာဟာ ဟာမတ်စ်နဲ့ အီရန်ကို ဆုချရာ ရောက်သလို၊ အောက်တိုဘာ ၇ ရက် ဟာမတ်စ်တွေ အစ္စရေးကို ဝင်ရောက်စီးနင်းရာမှာ သတ်ဖြတ်ခံရသူတွေအပေါ် မတရားရာရောက်တယ်လို့လည်း အစ္စရေးရဲ့ အချုပ်အခြာနယ်မြေပိုင်ဆိုင်မှုကို ကျူးကျော်သူတွေ၊ လုံခြုံရေးအပေါ် ခြိမ်းခြောက် ထိပါးသူတွေကို ငြိမ်ခံနေမှာမဟုတ်ဘူးလို့လည်း တုန့်ပြန်ပါတယ်။

အိုင်ယာလန်၊ နော်ဝေ၊ စပိန် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG