သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိုင်နိုဆောခြေရာ ၄၀၀ ကျော် တရုတ်မှာတွေ့ရှိ

ဒိုင်နိုဆောခြေရာ ၄၀၀ ကျော် တရုတ်မှာတွေ့ရှိ
please wait

No media source currently available

0:00 0:01:15 0:00

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄၀ ကျော်အထိ သတ်မှတ်တဲ့ ရှေးဟောင်း Cretaceous ခေတ်က ဒိုင်နိုဆောတွေရဲ့ ခြေရာတွေကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Yunnan ပြည်နယ် Lufeng မြို့နယ် Konglongshan မြို့မှာ တရုတ် ဘူမိဗေဓပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။ 

ကျောက်သားတွေပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ခြေရာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁၂၀ က ခြေရာတွေ ဖြစ်မယ်လို့ တရုတ်ဘူမိဗေဒပပညာရှင်တွေက ခန့်မှန်းပြီး တချို့ခြေရာတွေဟာ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် အကောင်းပကတိအတိုင်း ရှိနေတာကို တွေ့ရပါတယ်။ ရွာထဲက သိုးကျောင်းတဲ့သူတွေက ဒိုင်နိုဆောခြေရာတွေ စတွေ့တဲ့အကြောင်း ဒေသခံ သဘာဝ ထိန်းသိမ်းရေးဌာနကို အကြောင်းကြားခဲ့တာပါ။

နောက်ပိုင်းမှာ တနေရာပြီး တနေရာရှာရင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ ဒိုင်နိုဆော ခြေရာ အခု ၄၀၀ ကျော်ကို ရှာတွေ့ထားတာပါ။ Konglongshan မြို့ဟာ ၁၉၉၀ ပြည့်နှစ်တွေကတည်းက ဒိုင်နိုဆော ခြေရာတွေ စတွေ့ခဲ့တဲ့ နေရာဖြစ်ပါတယ်။ကျောက်ဖြစ်ရုပ်ကြွင်း ဒိုင်နိုဆောခြေရာတွေ တွေ့တာကို အကြောင်းပြုပြီး တရုတ်ဘာသာအရ ဒိုင်နိုဆောတောင်လို့လည်း ဒီမြို့ကို ခေါ်ခဲ့ကြပါတယ်။

Forum

XS
SM
MD
LG