သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုးယူခံရတဲ့ ရှေးဟောင်းရုပ်ပွားတွေ ကမ္ဘောဒီးယား ပြန်လက်ခံရရှိ


ကမ္ဘောဒီယားနိုင်ငံကို ပြန်ရောက်လာတဲ့ ရှေးဟောင်းဆင်းတုများ (ဩဂုတ် ၂၂၊ ၂၀၂၄)
ကမ္ဘောဒီယားနိုင်ငံကို ပြန်ရောက်လာတဲ့ ရှေးဟောင်းဆင်းတုများ (ဩဂုတ် ၂၂၊ ၂၀၂၄)

ကမ္ဘောဒီးယားနိုင်ငံကနေ ခိုးထုတ်ခံရတဲ့ ရှေးဟောင်း ဗုဒ္ဓဆင်းတုတွေ၊ ဟိန္ဒူနတ်ဘုရားရုပ်တုတွေ နိုင်ငံကို ပြန်ရောက်လာတဲ့အတွက် ဝန်ကြီးချုပ် ဦးဆောင်ပြီး အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။ Angkor ခမာ အင်ပါယာလက်ထက် ၉ ရာစုကနေ ၁၄ ရာစုကြားမှာရှိခဲ့တဲ့ ရှေးဟောင်းဆင်းတုတွေဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုတဝန်းက ပြတိုက်တွေ၊ ပုဂ္ဂလိက ဝယ်ယူစုဆောင်းသူတွေဆီရောက်ကုန်တဲ့ ရှေးဟောင်းပစ္စည်း အမျိုး ၇၀ နိုင်ငံကို ပြန်ရောက်လာတာဟာ ကမ္ဘောဒီးယားပြည်သူတွေနဲ့ ဘိုးဘွားဝိညာဉ်တွေ ပြန်လည် ပေါင်းစည်းနိုင်တဲ့ သင်္ကေတဖြစ်တယ်လို့ ဝန်ကြီးချုပ် Hun Manet ကပြောပါတယ်။

တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံ့ရှေးဟောင်းအမွေအနှစ်တွေရဲ့ တကယ်ပိုင်ရှင်တွေဟာ ကမ္ဘောဒီယားပြည်သူတွေဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တန်ဖိုးရှိလှတဲ့ ရှေးဟောင်းပစ္စည်းရာနဲ့ချီ ကမ္ဘောဒီးယားကို ပြန်ယူဆောင်နိုင်ရေးအတွက် ကမ္ဘောဒီယားအစိုးရနဲ့ အမေရိကန်တာဝန်ရှိသူတွေ မကြာခင်နှစ်ပိုင်းတွေကစလို့ အနီးကပ်ကြိုးပမ်းနေပါတယ်။

ကမ္ဘောဒီးယားမှာ ခမာနီအစိုးရအုပ်ချုပ်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်ပိုင်းတွေတုန်းက ရှေးဟောင်းပစ္စည်း ထောင်နဲ့ချီ ခိုးယူခံရပြီး နိုင်ငံပြင်ပ ခိုးထုတ်ခံခဲ့ရပါတယ်။ ထိုင်းနဲ့ ဟောင်ကောင်မှာရှိတဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူတွေကနေတဆင့် ဥရောပနဲ့ အမေရိကန်က ပြတိုက်တွေ၊ ချမ်းသာကြွယ်ဝသူတွေက အဲဒီပစ္စည်းတွေကို ဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG