သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

D-day နှစ်ရှစ်ဆယ်ပြည့် အခမ်းအနား သမ္မတဘိုင်ဒန်တက်ရောက်


ဒုတိယကမ္ဘာစစ်ကာလ က ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေမှာ မဟာမိတ်တပ်ဖွဲ့တွေ ကမ်းတက်တိုက်ပွဲ စတင်ခဲ့တဲ့ အထင်ကရ D day နေ့ အနှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ပြင်သစ်နိုင်ငံကို ရောက်ရှိနေပါတယ်။

D-day နှစ်ရှစ်ဆယ်ပြည့် အခမ်းအနား သမ္မတဘိုင်ဒန်တက်ရောက်

ဒုတိယကမ္ဘာစစ်ကာလ က ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေမှာ မဟာမိတ်တပ်ဖွဲ့တွေ ကမ်းတက်တိုက်ပွဲ စတင်ခဲ့တဲ့ အထင်ကရ D day နေ့ အနှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ပြင်သစ်နိုင်ငံကို ရောက်ရှိနေပြီး လတ်တလော ယူကရိန်းမှာ ရုရှားရဲ့ရန်လိုမှုတွေကို မဟာမိတ်နိုင်ငံတွေက တစုတစည်းတည်း အခိုင်အမာ တုံ့ပြန်နိုင်ရေးကို အဓိက ပြောကြားဖို့ရှိနေပါတယ်။ ပြင်သစ်သမ္မတ က ဧည့်ခံကြိုဆိုမယ့် နိုင်ငံတော်ခရီးစဥ်ပွဲကိုလည်း တက်ရောက်မှာဖြစ်သလို၊ D−Day အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ ယူကရိန်းသမ္မတနဲ့လည်း တွေ့ဆုံပါလိမ့်မယ်။ ဗွီအိုအေ သတင်းထောက် Anita Powell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

Forum

XS
SM
MD
LG