သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု အခြေအနေ ကမ္ဘာ့ဘဏ် သတိပေး


ရန်ကုန်မြို့အစွန်မှာရှိနေတဲ့ အိမ်တအိမ်ရှေ့ မိခင်နဲ့ ကလေး ထမင်းစားနေပုံ (မေလ ၂၁၊ ၂၀၂၁)
ရန်ကုန်မြို့အစွန်မှာရှိနေတဲ့ အိမ်တအိမ်ရှေ့ မိခင်နဲ့ ကလေး ထမင်းစားနေပုံ (မေလ ၂၁၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုဟာ လွန်ခဲ့တဲ့ ခြောက်နှစ်ကစပြီး ဆိုးရွားလာနေတာ အခုဆိုရင် မကြုံစဖူးအခြေအနေမျိုးရောက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတဝှမ်း ဆင်းရဲမွဲတေမှု အတိုင်းအတာဟာ အလွန်ကို ကျယ်ပျံလာနေတယ်လို့လည်း ရေးသားထားပါတယ်။ ဒါအပြင် ပဋိပက္ခဒဏ်ခံနေရတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ အရင်နှစ်တွေတုန်းက စီးပွားရေးအနည်းငယ်ကောင်းခံတဲ့ အရှိန်နဲ့ခံသာနေပေမဲ့ လက်ရှိဘဏ္ဍာရေးနှစ်အတွက် ၁% ပဲရှိကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာ၊ လုပ်သားရှားပါးလာတာအပြင် ငွေကြေးတန်ဖိုးကျဆင်းနေတဲ့အခြေအနေကြောင့် စီးပွားရေးလုပ်ကိုင်မှု အလွန်ခက်ခဲလာတယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ အထူးသဖြင့် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ကမောက်ကမ ဖြစ်ခဲ့ရပြီး ၁၀ နှစ်ကြာ တည်ဆောက်လာခဲ့တဲ့ ဒီမိုကရေစီ စနစ်နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုလည်း အဆုံးသတ်စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG